ကျိုက်ထို၊ ဇန်နဝါရီ(၂၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ခရီးသွားကားပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ နေ့လည် ၁၂ နာရီလောက်က မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးစစ်ဆေးခံဖို့ စောင့်နေတဲ့ ခရီးသွားကားပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာပါ။
အဲဒီလက်နက်ကြီးကျည် ၄၀ မမဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အတွင်း ရဲနဲ့စစ်သားတွေ စကားများပြီး တပ်သားတစ်ဦးက မိုးပေါ်ထောင်ပစ်ခတ်ရာကနေ ဂိတ်အနီးတစ်ဖာလုံအကွာမှာရှိနေတဲ့ ခရီးသွားကားအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သလို ကားပေါ်ပါလာတဲ့ အမျိုးသား၊အမျိုးသမီး ၉ ဦး ဒဏ်ရာရှိခဲ့တာပါ။
လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ခရီးသွားပြည်သူတွေကိုတော့ ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာကြောင့် ဒေသခံ ၃၈၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်