ဝါရှင်တန် – ဇန်နဝါရီ(၂၅) 

မြောက်ကိုရီးယားနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ လာဇာရပ်စ်အဖွဲ့နဲ့ APT38 တို့က ပြီးခဲ့တဲ့ ဇွန်လက အမေရိကန် crypto ကုမ္ပဏီ Harmony’s Horizon Bridge ဆီက ဒေါ်လာ သန်း (၁၀၀) ခိုယူခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုက ပြောပါတယ်။ 

အဲဒီအဖွဲ့တွေဟာ ဇန်နဝါရီလ(၁၃) ရက်က ဒေါ်လာသန်း(၆၀) ကျော်တန်ဖိုးရှိ အီသီရန် ခရစ်ပတို ငွေကြေးကို ခဝါချဖို့အတွက် Railgun လို့ခေါ်တဲ့ လျှို့ဝှက်ရေးပရိုတိုကောကို အသုံးပြုခဲ့တယ် လို့ FBI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

ခိုးယူခဲ့တဲ့ အီသီရန်ငွေကြေးရဲ့ တစ်စိတ်တစ်ပိုင်းကို နောက်ပိုင်းမှာ အွန်လိုင်းဝန်ဆောင်မှုပေးသူ အများအပြားကို ပေးပို့ခဲ့ပြီး ဘစ်ကွိုင်ငွေကြေးကို ပြောင်းလဲခဲ့တယ်လို့ FBI ကဆိုပါတယ်။ 

မြောက်ကိုရီးယားရဲ့ ခိုးယူမှုနဲ့ ငွေကြေးခဝါချမှုတွေဟာ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ များပြားတဲ့ ဖျက်ဆီးရေးလက်နက်ထုတ်လုပ်ရေး အစီအစဉ်တွေကို ထောက်ပံ့ဖို့အတွက် အသုံးပြုထားတယ် လို့ FBI ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုကို ဓားပြတိုက်မှုမှာလည်း ဘစ်ကွိုင်နဲ့ အီသာလို ဒစ်ဂျစ်တယ်တိုကင်တွေ အသုံးပြုတဲ့ သုံးစွဲသူတွေရဲ့ ခရစ်ပတို ပိုင်ဆိုင် မှုတွေကို ဘလော့ချိန်းတစ်ခုမှ အခြားတစ်ခုကို လွှဲပြောင်းနိုင်တဲ့ လဲလှယ်ရေး ပလက်ဖောင်း တစ်ခုကို ရိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး ကုမ္ပဏီ(၃) ခု ကို ကိုးကားပြီး ဟာမိုနီရဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ မြောက်ကိုရီးယားဟက်ကာတွေ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်လို့ ဇွန်လမှာ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ 

ဟာမိုနီဟ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘလော့ချိန်းတွေ၊ ဘဏ်တွေလို တံခါးစောင့် မပါဘဲ ချေးငွေတွေနဲ့ တခြားဝန်ဆောင်မှုတွေကို ပေးဆောင်တဲ့ တုံကင်တွေ ဖြစ်တယ်လို့ သိရပါ တယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.