ဘန်ကောက် – ဇန်နဝါရီ(၂၅)
၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ထိုင်းအထွေထွေရွေးကောက်ပွဲအတွက် ကန်ဒေါ်လာ (၁၈၂) မီလျံ အသုံးပြုသွားမှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာက ပါလီမန် ဖျက်သိမ်းဖို့နဲ့ ၂၀၂၃ ခုနှစ် မေလမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေငြာဖို့ လက်ရှိအချိန်ထိစီစဉ်ထားတာမရှိသေးဘူး လို့ သိရပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရာရွတ်ဟာ ဝန်ကြီးချုပ်သက်တမ်းကို ထပ်မံသက်တမ်းတိုးဖို့ နည်းလမ်း ရှာဖွေနေပြီး ဇန်နဝါရီလ အစောပိုင်းမှာ မဟာမိတ်ပြုမှုတွေကို အသွင်တစ်မျိုးကူပြောင်းခဲ့တာနဲ့ အတူ နိုင်ငံရေးအရ ရုန်းကန်မှုတွေပေါ်ထွက်လာသေးတာပါ။
ပရာရွတ်အနေနဲ့ အသစ်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ ရူရမ်ထိုင်းဆရန်ချာတ်ပါတီကို ဝင်ရောက် ခဲ့ပြီး လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ဝန်ကြီးချုပ်ဆိုတဲ့ အမြင့်ဆုံးအလုပ်ကို စတင်လုပ်ကိုင်နိုင်ဖို့ အတွက် နောက်ခံပေးထားတဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ဖလန်ဖရတ်ချာရတ် ပါတီကနေ နုတ်ထွက်ထားပါတယ်။
အောက်လွှတ်တော်နဲ့အတူ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိတဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် ဆုံးဖြတ်ပေးနိုင်တဲ့ စစ်တပ်အစုအဖွဲ့ မဟာမိတ်တွေဖြစ်တဲ့ အထက်လွှတ်တော်ပါလီမန် အမတ် (၂၅၀) ဆီကထောက်ခံအားပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။
သက်ဆင်အစိုးရ အာဏာရချိန် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်ဟာ ဖလန်ဖရတ်ချာရတ်ပါတီကို အတိုက်အခံပါတီဖြစ် နေရာပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက မတ်လ(၂၃) ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ပါလီမန် ကိုယ်စားလှယ် အယောက် (၅၀၀) နဲ့အတူ အထွေထွေရွေးကောက်ပွဲကို မေလမှာ ကျင်းပနိုင်ဖို့ ကြိုးစား နေပါတယ်။
မဲ(၂)မဲပေးရမယ့် စနစ်၊ လွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကို လျှော့ချ တာနဲ့ ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲတွေဟာ ဖလန်ဖရတ်ချာရတ်ပါတီလို အင်အားကြီး ပါတီတွေအတွက် အသာရနိုင်တယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။
အာဏာရ ဖလန်ဖရတ်ချာရတ်ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်လည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ ပရဝတ် ဝန်ဆူဝန်ကို အမြင့်ဆုံးရာထူးအတွက် အဆို ပြုမယ်လို့ အချက်ပေးပြီးနောက် မစ္စတာ ပရရွတ်ဟာ သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်အတွက် နည်းလမ်း ရှာဖွေနေပြီဖြစ်ပါတယ်။
ဖလန်ဖရတ်ချာရတ်ပါတီနဲ့ ညွန့်ပေါင်း (၁၆) ပါတီကြား မပြေလည်မှုကလည်း မစ္စတာ ပရရွတ်ရဲ့ ကျော်ကြားမှု ကျဆင်းစေတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပြီး လူထုအမြင်သဘောထား စစ်တမ်း တွေမှာတော့ သက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖီယူထိုင်းပါတီကသာ ကိုယ်စားလှယ်နေ ရာအများစု ပိုင်ဆိုင်နိုင်ဖို့ရှိတယ်လို့ ဖြေဆိုထားကြပါတယ်။
Ref: The Straits Time