နေပြည်တော်၊ ဇန်နဝါရီ(၂၅)

လာမယ့်ရက်သတ္တပတ်အတွင်း သက်တမ်းကုန်ဆုံးတော့မယ့် စစ်ကောင်စီဟာ ကာလုံလို့ခေါ်တဲ့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲ ပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တစ်နှစ်အာဏာလွှဲယူခဲ့တာပါ။

အဲဒီကနေတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ၆ လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို ၂ ကြိမ်အထိတိုးယူခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။

ဒါကြောင့် လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီက အစီရင်ခံတင်ပြရမှာဖြစ်ပြီး ကာလုံရဲ့အဆုံးအ ဖြတ်ကို ခံယူရမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဥပဒေပညာရှင်တွေကြားမှာတော့ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်လို့ ထောက်ပြကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်အုပ်စုဟာ ကာလုံအစည်း အဝေးကနေ အာဏာကို ဆက်လက်ဆွဲကိုင်သွားမှာဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေးရော၊ နိုင်ငံရေးရောအပြင် နည်းလမ်းမျိုးစုံသုံးပြီး စစ်အုပ်စုပြုတ်ကျရေးအတွက်သာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူက (စစ်အုပ်စု) အဲဒီလို ၂၀၀၈ ရှိတည်အောင်လုပ်ပေမယ့် ကျွန်တော်တို့က လုံးဝစိတ်မဝင်စားဘူး။ အဲဒါတွေက သူအာဏာသိမ်းကတည်းက ၂၀၀၈ မရှိတော့ဘူးဆိုတာ ခေါင်းထဲမှာ ထည့်ထားတယ်။ ကျွန် တော်တို့ ခေါင်းထဲမှာဘာရှိလဲဆို ဒီစစ်အာဏာရှင်စနစ်ကို လုံးဝချေမှုန်းသွားမယ်ဆိုတာ သန္နိဌာန်ချထားတဲ့အပေါ်မှာ ဆက်ပြီးတော့ လုပ်သွားမှာပဲ။ ဘယ်နည်းနဲ့ပဲလုပ်ရ၊ လုပ်ရ နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ဆက်လုပ်သွားမှာပဲ။ နိုင်ငံတကာနဲ့ လက်ချင်းချိတ်ပြီးတော့ ပြည်တွင်းအားနဲ့ ဆက်လုပ်သွားမယ်၊ စစ်ရေးရော၊ နိုင်ငံရေးရော အကုန်လုံးလုပ်မယ်။ ဒါပဲ ကျွန်တော်တို့ ပြောချင်တာ။ သူက ဘာပဲလုပ်လုပ် သူလုပ်မယ့်အရာက တစ်ခုပြောနိုင်တာ သူကအာဏာကိုဆွဲကိုင်ထားမယ်၊ ကျွန်တော်တို့က ဒီအာဏာကို လုံးဝပြုတ်ထွက်သွားအောင် လုပ်မယ်၊ ဒါပဲ ရှိတယ်”လို့ သူက ဆိုပါတယ်။

အရေးပေါ်ကာလကို သက်တမ်းတိုးပေးတဲ့ ပုဒ်မ ၄၂၅ အရ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူ့ကိုပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးတဲ့အတွက် သတ်မှတ်အ ချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်းတင်ပြလာရင် သာမန်အားဖြင့် တစ်ကြိမ်မှာ ခြောက်လအထိနှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်’ လို့ ပြဌာန်းထားတာပါ။

လက်ရှိမှာတော့ တိုင်းရင်းသားဒေသဖြစ်တဲ့ ကချင်၊ ကရင်နီ၊ ချင်းနဲ့ ကရင်ပြည်နယ်အပါအဝင် အညာဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့အပါအဝင် EROs ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကတော့ စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ဆွဲပြီး အာဏာဆက်ယူလာနိုင်တာကြောင့် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်သာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“ ကျွန်တော့်အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့လုပ်ချင်တိုင်းလုပ်ဖို့အတွက် လုပ်လို့ ရအောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီတော့ သူတို့ ဘာပဲလုပ်ချင်၊ လုပ်ချင် ၂၀၀၈ နဲ့ပဲ သူတို့လုပ်သွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့်ပါ၊ အာဏာရှင်တွေက သူတို့ အာ သီသရှိတဲ့ဟာကို လုပ်ချင်တိုင်းလုပ်ကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ EAO အများစုကတော့ အမြင်တူတဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်နေတဲ့ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေအားလုံးနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက်ကို တိုက်ပွဲဝင်သွားမယ်လို့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုလိုပယ်ဖျက်ပြီးသားဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက ရှုမြင်ထားကြတာပါချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကလည်း စစ်အုပ်စုအနေနဲ့ ကာလုံအစည်းအ ဝေးမှာ သက်တမ်းတိုးတာ ဒါမှမဟုတ် ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်လာနိုင်ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ လုံးဝတရားမဝင်ဘူးလို့ တုံ့ပြန်တာပါ။

“စစ်ကောင်စီအနေနဲ့က ဖေဖော်ဝါရီ(၁)ရက်မှာ ကာလုံကိုခေါ်ပြီးတော့ ကာလုံကနေပဲ ရွေးကောက်ပွဲလုပ်မယ်။ နောက်တစ်ဖက်မှာ ပုဒ်မ ၄၂၅အရလုပ်ငန်း မပြီးပြတ်သေးဘူးဆိုပြီးတော့မှ လုပ်လည်းလုပ်လာမယ်။ နှစ်ခုစလုံး လုပ်လာနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ဦးတည်ချက်က ဘာပဲလုပ်နေ၊ လုပ်နေရွေး ကောက်ပွဲကို မဖြစ်မနေလုပ်ဖို့ သူကတော့တွန်းမှာပဲပေါ့။ ၂၀၀၈ဖွဲ့စည်းပုံက သူကိုယ်တိုင်ရေးဆွဲထားတာဖြစ်တော့ ကြိုက်သလို ဇောက်ထိုး၊ မှောက်ခုံလုပ်နေမှာပဲ။ ဒါတွေက ကျွန်တော်တို့ အနေနဲ့က တ ရားမဝင်ဘူးလို့ သတ်မှတ်တယ်။ သူ့ရဲ့ ဦးတည်ချက်ကတော့ တရားမဝင်ရွေးကောက်ပွဲပဲ တွန်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဘယ်လိုအခြေအနေမှာဖြစ်စေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအ စည်းအဝေးမှာ အခိုင်အမာပြောဆိုလာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ပလောင်လွတ်မြောက် ရေးတပ်ဦး (PSLF)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ကတော့ စစ်ကောင်စီလုပ်မယ့် ရွေး ကောက်ပွဲကို လက်မခံဘူးလို့ အတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.