တရားလွှတ်တော် ရှေ့နေတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးရတော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဦးဝင်းမြင့်မပါတဲ့ ကာလုံအစည်းအဝေးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ရဲ့လား၊ ကာလုံအစည်းအဝေးအပြီးမှာ စစ်အုပ်စုအနေနဲ့ ဘယ်လို အခင်းအကျင်း ဖန် တီးလို့ ရနိုင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်အုပ်စုအနေနဲ့ ကာလုံအစည်းအဝေးအပြီးမှာ ၂၀၀၈ဖွဲ့စည်းပုံအရ ဘယ်လို အခင်းအကျင်းတွေကို ဖန်တီးလို့ ရနိုင်ပါသလဲ။

၂၀၀၈အခြေခံဖွဲ့စည်းပုံ မှာ အရေးပေါ်ကာလပြဌာန်းချက်တွေမှာတော့ ပုဒ်မ၄၁၇အရ နိုင်ငံမှာအရေးပေါ် အခြေ အနေကျရောက်နေရင် နိုင်ငံတော်သမ္မတကနေ ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်ကာလအတွက် နိုင်ငံအ တွက် အချုပ်အခြာအာဏာအားလုံးကို စီမံခန့်ခွဲဖို့ အပ်နှင်းပေးရမယ်လို့ ပြဌာန်းချက်ပါတယ်။ အဲဒါကလည်း သက်တမ်းအနေနဲ့တစ်နှစ်ပေါ့။ တစ်နှစ်နဲ့မှ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးပေါ်အခြေအနေကို မထိန်ုးနိုင်ဘူး၊ နိုင်ငံက မတည်ငြိမ်သေးဘူးဆိုရင် ပုဒ်မ(၄၂၅)အရ ၆လသက်တမ်း နှစ်ကြိမ်တိုးခွင့်ရှိတယ်။ အဲဒီတော့ဆိုကြပါစို့ စုစုပေါင်းနစကအနေနဲ့ သက်တမ်းနှစ်နှစ်ပေါ့။ ဖေဖော်ဝါရီ ၁ရက် ၂၀၂၁ကစပြီးတော့ သက်တမ်းနှစ်နှစ် နိုင်ငံရဲ့ အချုပ်အခြာအာဏာအရပ်ရပ်ကို ဒီအရေးပေါ်ကာလ အခြေအနေအတွင်းမှာ ဒါနိုင်ငံတော်သမ္မတဆီကနေ လွှဲ ပြောင်းပြီးတော့ ရယူပြီးဆောင်ရွက်ပိုင်ခွင့် ရှိတယ်။ သို့သော်လည်းပဲ သူ့ရဲ့သက်တမ်းက နှစ်နှစ်ပဲရှိတဲ့အတွက် လာမယ့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ နစကအဖွဲ့ရဲ့ ဥက္ကဌကနေမှ ဒီနှစ်နှစ်ကာလအတွင်းမှာ နစက အစိုးရဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ဒါတွေနဲ့ ပတ် သက်ပြီးတော့မှ ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေကို အဲဒီခေါ်ယူတဲ့ ကာလုံအစည်းအဝေးမှာပဲ။ သူကရှင်းလင်း တင်ပြ အစီရင်ခံမှာပေါ့။ ပြီးတော့မှ အဲဒီကာလုံကိုပဲ ပြန်ပြီးတော့ ဒီနိုင်ငံတော်ရဲ့ အချုပ်အခြာအရပ်ရပ်ကို အပ် နှင်းပေးရတယ်။ အပ်နှင်းပြီးတော့မှ ကာလုံက ဥပဒေပြုခွင့်အာဏာကို ကာလုံကကျင့်သုံးတယ်။ ခုနက အုပ်ချုပ် ရေးအာဏာကိုတော့ ကာလုံကနေ ဖွဲ့စည်းပေးထားတဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေက ကျင့်သုံးတယ်။ တရားစီရင်ရေး အာဏာကိုတော့ ဒီပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေမှ ကျင့်သုံးရမယ်လို့ ဒီလို ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဒီတိုင်းပဲရေးထားပါတယ်။

-နောက်တစ်ခုက သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဦးဝင်းမြင့် မပါတဲ့ ကာလုံအစည်းအဝေးဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ရဲ့လား။

အဲဒါနဲ့ပတ်သက်ပြီးတော့ အမှန်တကယ်ဆောင်ရွက်ရမှာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထား တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကပဲ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ မူလစတင် အာဏာထိန်းသိမ်းပြီး တော့ အာဏာကိုလွှဲပြောင်းရယူခဲ့တာသည် နိုင်ငံတော်သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကနေ လွှဲပြောင်းပေးခဲ့တာ မ ဟုတ်ဘူး။ ဦးဝင်းမြင့်ကိုဖမ်းဆီးပြီးတော့မှ ထိန်းသိမ်းထားပြီးတော့မှ ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ် သဘောဆန္ဒအတိုင်း သတ်မှတ်ပြီးတော့မှ ဦးမြင့်ဆွေကနေမှ လွှဲပြောင်းပေးခဲ့သည် ဆိုတာသည် ၂၀၀၈အခြေခံ ဥပဒေပုဒ်မ(၄၁၇)ပါပြဌာန်းချက်နဲ့ ဥပဒေနဲ့ညီမညီ နောက်တစ်ခါ ဒီနိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီးတော့ အရေး ယူထားတာသည် ဥပဒေနဲ့ညီညွတ်ခြင်း ရှိ၊မရှိ အခုဆက်လက်ပြီးတော့မှ ခေါ်ယူကျင်းပမယ့် ၂၀၂၁ဖေဖော်ဝါရီ ၁ရက်နေ့မှာ သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဦးဝင်းမြင့် မပါဘဲနဲ့ ကာလုံအစည်းအဝေးခေါ်ယူခြင်း ၊မန်းဝင်းခိုင် သန်းမပါဘဲနဲ့ အစည်းအဝေးခေါ်ယူခြင်းတွေသည် ဥပဒေနဲ့ညီ၊မညီ ဒီအချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ အကြောင်းအရာတွေပေါ်မှာ ဆုံးဖြတ်ပြုရမှာ ဖြစ်တယ်။ ဒါက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကနေ မှတ်ချက်ပြု ရင် လွဲမှားနိုင်တယ်။

အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေပြီးမှ ခုံရုံးအဖွဲ့တစ်ဖွဲ့လုံးက သဘောတူညီစွာ ဆုံးဖြတ်မှသာ လျှင် ကျွန်တော်တို့ တိတိကျကျပြောနိင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ တစ်ဦးတစ် ယောက်တည်းနဲ့ ဒါကို မှတ်ချက်ပြုဖို့ ဝန်လေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော် မှတ်ချက်မပေးပါဘူး။

-နောက်ဆုံးအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၄၂၅ ရဲ့ သာမန်အားဖြင့် အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဒီကိစ္စရပ်ကရော ခြေဥခုရုံးတင်ဖို့ မလိုဖူးလား။

ပြဌာန်းထားတာမှာ (၄၂၅)မှာ ပါပါတယ်။ စကားစုလေးတစ်ခု ပါပါတယ်။ သာမန်အခြေအနေတွင် သက်တမ်း တိုးမယ်ဆိုရင် ဆိုကြပါစို့ နောက်ထပ် ၆လ၊ ၆လ တစ်နှစ်တိုးခွင့်ရှိတယ်။ သာမန်အခြေအနေကို အဲဒီတော့ အခုလက်ရှိ ဖြစ်ပေါ်နေတာသည် သာမန်အခြေအနေလို့ သတ်မှတ်ရင်တော့ ဆက်လက်ပြီးတော့ စကစ ကတော့ ဆက်လက်သက်တမ်းတိုးမြှင့်ဖို့ ဥပဒေက ခွင့်ပြုမထားဘူး။ သို့သော် ကာလုံကနေမှ ကာလုံအစည်း အဝေးကနေမှ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေသည် သာမန်အခြေအနေမဟုတ်ဘူး။ အရေးကြီးတဲ့အ ခြေအနေ အရေးပေါ်အခြေအနေစသဖြင့် အဲဒီလိုသတ်မှတ်မယ် ဆိုရင်တော့ ကာလုံရဲ့ အဆုံးအဖြတ်နဲ့ နစကရဲ့ သက်တမ်းကိုလည်း ဆက်ပြီးတိုးမြှင့်နိုင်တဲ့ အနေအထားရှိသလို ခုနက ကာလုံကပဲ စီမံခန့်ခွဲဆောင်ရွက် ပိုင်ခွင့်လည်းရှိတယ် သို့မဟုတ် ကာလုံကနေမှ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီးတော့မှ ဒါအချုပ်အခြာအာဏာကို ကျင့်သုံးဖို့ စီမံနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့က အလားအလာကို ကြိုတင်ခန့်မှန်းရတဲ့ အနေအထားပါပဲ။ တကယ်တမ်း ဘာလုပ်မလဲ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ဖေဖော်ဝါရီ(၁)ရက်နေ့မှပဲ တိတိကျကျ သိရမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.