ဘုရားသုံးဆူ – ဇန်နဝါရီ(၂၄)
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ ဒီနေ့ ညပိုင်းက ထွေအုပ်နဲ့ လဝက ရုံးတွေ မီးလောင်နေပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဘုရားသုံးဆူသတင်းကောင်းလာပြီ စစ်ကောင်စီလ၀ကရုံး ပြာကျ၊မအလရေ အမျှ အမျှ လုပ်ချင်အုံးရွေးကောက်ပွဲ” ဆိုတဲ့ စာတိုတွေနဲ့ မီးလောင်နေတဲ့ ပုံတွေ တင်ထားတာတွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ထောက်လှမ်းရေးရုံး(စရဖ)၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊လဝကရုံးတွေ မီးလောင်နေတယ်လို့ ဖော်ပြတာတွေရှိနေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘုရားသုံးဆူမြို့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ မြေပြင်အခြေအနေ ကို ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ(ကျည်တစ်တောင့် စစ်ခွေးတစ်ကောင်)