ဘာလင် – ဇန်နဝါရီ(၂၄) 

ရုရှားကျူးကျော်မှုကို တိုက်ခိုက်ဖို့ ပိုလန်က သူတို့ရဲ့ Leopard – 2 တင့်ကားတွေကို ယူကရိန်း အတွက် ပေးပို့တာနဲ့ပတ်သက်ပြီး ဂျာပန်အစိုးရအနေနဲ့ ထေက်ခံရပ်တည်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ယူကရိန်းအာဏာပိုင်တွေက သူတို့ရဲ့ ခေတ်မီဂျာမန်လုပ်တင့်ကားတွေ ထောက်ပံ့ပေးဖို့ အနောက် နိုင်ငံမဟာမိတ်တွေကို လအတော်ကြာ တောင်ဆိုနေပေမယ့် ဘာလင်က သူတို့ကိုပေးပို့ဖို့ နဲ့ တခြား နေတိုးနိုင်ငံတွေကို ခွင့်ပြုတာကနေ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ 

ပိုလန်အနေနဲ့ ဂျာမန်ရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ရဲ့ Leopard 2 တင့်ကားတွေစေလွှတ်ရင် ဘာဖြစ် လာနိုင်မလဲဆိုတံ့ မေးမြန်းချက်ကိုတော့ အန်နာလီနာဘဲဘော့က လောလောဆယ်တော့ မေးခွန်း မမေးရသေးပေမယ့် မေးခံရရင်ဒီတိုင်း ရပ်မနေပါဘူးလို့ ပြင်သစ်ရုံသံအင်တာဗျူးတစ်ခုမှာ ပြော ခဲ့ပါတယ်။ 

အမေရိကန်အပါအဝင် မဟာပိတ်တွေနဲ့ ညှိနှိုင်းပြီး လက်နက်တွေ ပေးပို့တဲ့ ဆုံးဖြတ်ချက် အားလုံးကို ပါရီမှာ အစောပိုင်း ပြုလုပ်တဲ့ ဂျာမန်အဓိပတိ အိုလက်ဖ် စကော့ ရဲ့ မှတ်ချက်ထက် သူမရဲ့ ပြောဆိုချက်မှာ ပိုမိုကျယ်ပြန့်သွားခဲ့တာဖြစ်ပါတယ်။ 

ဂျာမနီဟာ အဲဒီတင့်ကားတွေကို ယူကရိန်းကို သွားခွင့်ပြုဖို့ ဖိအားပေးခံနေရပေမယ့် အဓိပတိရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ အစဉ်အလာအားဖြင့် စစ်တပ်မှာ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိပြီး ရုရှားကို ပိုမိုဆိုးရွားစေမယ့် လှုပ်ရှားမှုတွေကို သတိထားနေတာဖြစ်ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး ဘိုရစ်ပစ်စတောရပ်စ်က တင့်ကားတွေနဲ့ပတ်သက်ပြီး မကြာခင် ဆုံးဖြတ် ချက်ချနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂျာမန်လူထု လုံခြုံရေးနဲ့ အိမ်တွင်းအကျိုးဆက်တွေအပါအဝင် အစိုးရမှာ ထည့်သွင်းစဉ်းစား ရမယ့် အချက်များစွာရှိနေတာကြောင့် ဂျာမနီမှာ အလျင်အမြန်ဆုံးဖြတ်ချက်ချမှာမဟုတ်ဘူး လို့ ဝန်ကြီးက ARD TV ကိုပြောခဲ့ပါတယ်။ 

တင့်ကား၊လေယာဉ်၊တာဝေးပစ်ဒုံးကျည်တွေ ပိုမိုလိုအပ်တယ်လို့ ယူကရိန်းသမ္မတက ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံချိန်မှာ တောင်းဆိုထားပါတယ်။ 

ပါရီထိပ်သီးအစည်းအဝေးအပြီးမှာ Scholz က ယူကရိန်းနိုင်ငံကို လက်နက်တွေ ပေးပို့အားလုံး ကို အနောက်နိုင်ငံတွေနဲ့ နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတ မက်ခရွန်က ယူကရိန်းကို Leclerc တင့်ကား ပေးပို့နိုင်တာနဲ့ပတ်သက်ပြီး ငြင်းဆိုထားတာမရှိဘူးလို့ သိရပါတယ်။ 

တင့်ကား စေလွှတ်ဖို့ အခြေအနေကို အရှိန်မမြှင့်ဘဲ ယူကရိန်းနိုင်ငံသားတွေကို ထိရောက်စွာ လေ့ကျင့်ပေးဖို့ အချိန်ထည့်သွင်းစဉ်းစားရမှာဖြစ်သလို ပြင်သစ်နိုင်ငံရဲ့လုံခြုံရေးကိုလည်း မထိခိုက်စေရဘူးလို့ သမ္မတက ဆိုခဲ့ပါတယ်။ 

အမေရိကန်က သူတို့ရဲ့ ကိုယ်ပိုင်တင့်ကားတွေ စေလွှတ်ဖို့ သဘောတူရင် ဂျာမန်ီလုပ်တင့်ကား တွေ စေလွှတ်ခွင့်ပြုသွားမယ်လို့ ဂျာမနီ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောထားပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကတော့ M1 Abrams အပါအဝင် ကိုယ်ပိုင်တင့်ကားတွေ ပေးပို့ဖို့ အသင့်မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.