ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် CNFတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိသလို အဆောက်အဦးတချို့နဲ့ အရပ်သားပြည်သူတွေအတွက် ဖွင့်ထားတဲ့ ဆေးပေးခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် CNF ဌာနချုပ်ကို ဘာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ လာတာလဲ။ ဒီအပေါ်မှာ CNF က ဘယ်လို တုံ့ပြန်လိုက်လဲ။ နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်ကို ဘယ်လောက် လောက် အထိ ထိန်းချုပ်နိုင်ပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်း ချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ချင်လဲ။

ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်တာတွေက တစ်ပြည်လုံးအနှံ့ဖြစ်ခဲ့ပါတယ်။ ဗုံးကြဲ တိုက်ခိုက်မှု မဟုတ် ခဲ့ရင်တောင်မှ အာဏာရှင်စစ်ခွေးတွေက ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ လေ ကြောင်းနဲ့ မဟုတ်ပဲနဲ့ အောက်ခြေက အိုး အိမ်တွေဖျက်ဆီးတာတွေ အဲဒါတွေ အမြဲတမ်းလုပ်ခဲ့ပါတယ်။ ဒါ ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့မူကတော့ တိုက်ရင်းတည် ဆောက်၊ တည်ဆောက်ရင်းတိုက်ပါ။

အဲဒီလိုပဲ တလျှောက်လုံး သွားလာခဲ့တာပဲ။ အဲဒါတွေကတော့ သူတို့ လုပ်နေကျဖြစ်တယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ တော်လှန်ရေးကာလဆိုတဲ့ ဒီအဆောက်အဦးတွေကတော့ ကျွန်တော်တို့က အလေးအပင်ကြီး တိုက်တာအဆောက်အအုံကြီး မဟုတ်ပဲ ပြုလွယ်၊ ပြင်လွယ်၊ ရွှေ့လွယ်တဲ့ ပုံစံမျိုး ရှိနေတယ်။ ပြောချင်တာ ကတော့ တလျှောက်လုံးလုပ်လာခဲ့တဲ့ ဒါတွေကတော့ ကျွန်တော်တို့က တိုက်ရင်းတည်ဆောက်၊ တည်ဆောက် ရင်းတိုက်၊ တည်ဆောက်ရင်းနဲ့ တိုက်ပွဲမှာ အရှိန်လျော့ကျတာတွေ ရှိလိမ့်မယ်။ အဲဒီလိုလုပ်လာခဲ့တာ နှစ်ပေါင်း မနည်းဘူး။

-စစ်ကောင်စီက ဘာကြောင့် ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ မြင်လဲ။

ဒါကတော့ မနှစ်ကအာဏာသိမ်းပြီးတော့ နွေဦးတော်လှန်ရေးကို ပေါ်ပေါက်တဲ့ နောက်ပိုင်းကျွန်တော်တို့ ပြောရမှာပေါ့။ အဲဒီမှာ ပြည်သူဘက်ကပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို ပထမဦးဆုံး ဉီးတည်ချက်ထားတာ။ သူ့ရဲ့ PLANဖြစ်တဲ့ ဒီနှစ်ထဲမှာမတရားလုပ်ကြံပြီးတော့ လုပ်မယ့်ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးရေးဟာ အဲဒါသူ့ရဲ့ PLAN။ အခုတစ်ပြည်လုံးရဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ ဒေသကာ ကွယ်ရေးတပ် PDF ရှိနေလို့ နယ်မြေကမငြိမ်းချမ်းဘူး။ သူတို့ကို တိုက်တယ် မြေပြင်မှာ။ ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းတိုက်တယ်။ နယ်မြေစိုးမိုးရေးမှာ သူတို့ထင်သလောက် မဟုတ်ခဲ့ဘူး။ အဓိကကတော့သူနဲ့ အပစ် ရပ်ပဲခေါ်ခေါ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲခေါ်ခေါ် အဲဒီမှာ မပါဝင်လို့ပဲ။ ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း တနည်းအားဖြင့် ပြောရရင် PDF LOCALတပ်ရင်းတပ်ဖွဲ့၊နွေဦးတော်လှန်ရေးနဲ့ NUGနဲ့ ပူးပေါင်းတဲ့ အဖွဲ့အစည်းတွေကို အဓိကထားပြီး လုပ်ဆောင်တာ ဖြစ်တယ်။ အဲဒီမှာ PDF အင်အားတည် ဆောက်တဲ့နေရာမှာ စစ်ရေးအခြေခံသင်တန်းရယူတဲ့ နေရာဌာနချုပ်ကို မြေပြင်မှာမရတော့တဲ့အတွက် လေ ကြောင်းကနေ အဲဒီလို အကြမ်းဖက်ပြီးတော့ လုပ်လာတာဖြစ်တယ်။

ပြောချင်တာကတော့ လုပ်တာတော့ ဟုတ်ပြီ။ စစ်တပ်အချင်းချင်းပေါ့။ ဒါပေမယ့် ဘာမှပါဝင်ပက်သတ်မှု မရှိတဲ့ ပြည်သူလူထုအသက်အိုးအိမ်ထိခိုက် ဆုံးရှုံးဖို့တာတွေကတော့ ဒါတော့ တကယ့် အကြမ်းဖက်လုပ်ရပ် ဖြစ်ပါ တယ်။ ကျွန်တော် အဲဒီလိုပဲ ပြောချင်ပါတယ်။

-ချင်းအမျိုးသားတပ်ဦး(CNF)အနေနဲ့ ဘာကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ဖြစ်တာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ကျွန်တော်တို့က နွေဦးတော်လှန်ရေးဖြစ်ပြီးတော့မှ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထဲမှာ ကျွန်တော် တို့ ဗမာညီအစ်ကိုတွေပါဝင်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် ကျွန်တော်တို့ တိုင်းရင်း သားလူမျိုး တွေပါတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြမှုတွေဖြစ်တယ်။ အနုနည်းနဲ့ သူတို့အော်တယ်။ သံပုံး ခေါက်တယ်။ နောက်ဆုံး လက်နက်ကိုင်အထိဖြစ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဦး တည်ချက်က စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး ဆိုတဲ့ဟာဖြစ်လာဖို့ ကျွန်တော်တို့က ဒီNUGနဲ့ သဘောတူလက်မှတ် ရေးထိုးထားတယ်။ တကယ်တော့ အာ ဏာသိမ်းပြီး နောက်တစ်ရက်မှာပဲ ထုတ်ပြန်ချက်ထုတ်ပြီး အယုံကြည် မရှိတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောထားတာ ဖြစ်တယ်။

ဒီနေ့ဒီကာလကတော့ နိုင်ငံရေးဆွေးနွေးပွဲတို့၊ အပစ်ခတ်ရပ်စဲရေးတို့၊ မြန်မာ့နိုင်ငံရေးကိုဖြေရှင်းနိုင်မယ့် ပြဿ နာမဟုတ်တော့ဘူး။ တစ်ပြည်လုံး၊ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်တဲ့နွေဦးတော်လှန်ရေးဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးတော့ အဖြေရှာရှင်းလို့ရမယ့် နိုင်ငံရေး အခင်းအကျင်းအကျပ်အတည်း မဟုတ်တော့ဘူး။ ကျွန်တော်တို့က NCAကို အယုံအကြည်မရှိတော့ဘူး။ ဒီနေ့ဖြေရှင်းရမယ့် ပြဿနာကအားလုံးပါဝင်တဲ့ နိုင်ငံရေးအကျပ်အတည်းဖြစ်တဲ့အတွက် ဒီစစ်ကောင်စီ ခေါ်ခေါ်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်ရေး နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ပြီးတော့ နိုင်ငံတ ကာရဲ့အသိအမှတ်ပြုမှုရရှိအောင် တဖက်လှည့်လုပ်နေတာဖြစ်တဲ့အတွက် ဒါကသူ့ရဲ့စစ်တပ် နိုင်ငံရေးကိုယ်ကျိုး စီးပွားအတွက် လုပ်နေတာ ဖြစ်တယ်။ စေတနာမပါတဲ့ ဆွေးနွေးမှု အပစ်ခတ်ရပ်စဲရေးဖြစ်လို့ ကျွန်တော်တို့က အဲဒါကို အယုံအကြည်မရှိတော့လို့ အဲဒါလက်မခံဘူး။

-နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ချင်းပြည်နယ်ကို ဘယ်လောက်လောက်အထိ ထိန်းချုပ်ထားနိုင်ပြီးလဲ။

ဒီနေ့အထိဆိုရင် ကျွန်တော်တို့်ချင်းပြည်မှာ အခုလက်ရှိ ၉မြို့နယ်ရှိတယ်။ ပြောချင်တာက ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရှိတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့ (CJDC) Chinland Joint Defense Committee ကော်မတီဆိုပြီးတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဦးစီးဦးဆောင်ပြီးတော့ လုပ်နေတာ ဖြစ်တယ်။ ချင်းပြည်နယ်(၉)မြို့နယ်မှာ စစ်ကောင်စီအဓိက ယူထားတာတော့ အဲဒီ၉မြို့နယ်ထဲမှာ မြို့ပေါ်လောက်ပဲ စိုးမိုးနိုင်သေးတယ်ပြောရမယ်။ အဲဒီထဲမှာ ဟိုအရင်နှစ်က မီးရှို့ခံရတဲ့ ထန်တလန်မြို့ပေါ်ဆိုရင်တော့ လူသူ တယောက်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ စစ်ကောင်စီရော၊ ကျွန်တော်တို့ရော အဲဒီမှာနေရာယူပြီး အဲဒီလို လုပ်ထားတယ်။ တစ်ခုလုံး ခြုံငုံပြောရရင် နယ်မြေအလိုက် ပြောရရင်( ၁၀၀)မှာ( ၇၀)ကတော့ ကျွန်တော်တို့က ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ စိုးမိုးထားနိုင်တယ်။ နောက်လူဦးရေ အရကြည့်ရင်လည်း ချင်းပြည်နယ်ထူး ခြားချက်ကတော့ မြို့ပေါ်မှာထက် ကျေးလက်ဒေသပြည်သူလူထုက ပိုများတယ်။ မြို့ပေါ် ပြည်သူလူထုက မထူထပ်ဘူး။ နည်းနည်းလေးပါ။ အဲဒီလို အနေအထားရှိတယ်လို့ ပြောရင်တော့ (၁၀၀)မှာ (၇၀)ကတော့ ဒီနေ့အထိ ထိန်းချုပ်ထားနိုင်တယ်ပြောလို့ရပါတယ်။

-နောက်တစ်ခုက စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားလဲ။ အရပ်သား တွေကို ဘယ်လိုအသိပေးတာတွေ လုပ်ဆောင်ထားလဲ။

လေကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အတတ်နိုင်ဆုံး ကိုယ့်ဒေသက ပြည်သူလူထုတွေကို ယခင့် ယခင် ကတည်းကိုက လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်စသဖြင့် မြေပြင်မှာ စစ်ရေးအရလုံခြုံရာဒေသ၊ နောက် ပြီးတော့ အဲဒီမှာပါဝင်မယ့် စားနပ်ရိက္ခာတွေ ဘာတွေပါမလဲ။ ပြီးတော့သတင်းလက်ဦးမှု ဘယ်လိုရယူမလဲ၊ အ ချိတ်အဆက်ရှိရှိနဲ့ ကျွန်တော်တို့လုပ်နိုင်ဖို့။ အဓိကကတော့ ကျွန်တော်တို့နဲ့ သူတို့ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ အဓိကကတော့ ပြည်သူကတော့ လေကြောင်းကဘယ်ကနေ လာသလဲ။ ဘယ်ကနေ သွားသလဲ မသိဘူး။ အဲဒါကြောင့် ကျွန်တော်တို့နဲ့ အတတ်နိုင်ဆုံးချိတ်ဆက် ဆောင်ရွက်ဖို့ အမြဲတမ်း အဲဒါကတော့ချင်းပြည်နယ်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့ PDF,NUG ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေနဲ့အတူ လေယာဉ်လမ်း ကြောင်း ဘယ်ကနေလာသလဲဆိုတာစသဖြင့် ဒါကတော့ အနီးကပ်စောင့်ကြည့်ပြီး ပြည်သူနဲ့အတူ လေကြောင်း ရန်ကာကွယ်ဖို့ဆိုပြီး ပြည်သူထဲမှာသော်လည်းကောင်း၊ ကျွန်တော်တို့ တပ်ထဲမှာသော်လည်းကောင်း အ တတ်နိုင်ဆုံး ဆောင်ရွက်နေတာပေါ့နော်။

-စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် တစ်ခုလုံးကို အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားတယ်။ ဒါပေမယ့် စစ်အုပ်စု ကတော့ EROs တွေရဲ့ ဌာနချုပ်တွေနဲ့ တပ်စခန်းတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တွေ ဆက်လုပ်နေတာ တွေ့ရတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

အဲဒါကတော့ တစ်ပြည်လုံး၊ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံတကာက သိနေတဲ့ကိစ္စဖြစ်ပါတယ်။ အထွေအထူး ကို ကျွန်တော်တို့က သူပြောပြနေတာတွေက အထူးအဆန်းဘာမှမပါဘူး။ သူလုပ်နေကျဟာပဲ။ မယုံကြည်နိုင်စ ရာအကြောင်းကို မရှိဘူး။ကျွန်တော်သူတို့ကို မေးချင်တယ်။ သူက သူ့ပုံစံအတိုင်း ဒီလိုလုပ်၊ ဒီလိုလုပ်၊ ဒီလိုလုပ် ရင်တော့ မပစ်ဘူး။ မခတ်ဘူး။ ငါ့စကားနားမထောင်ရင်တော့ ပစ်မယ်၊ခတ်မယ်။ အဲဒါက အခုမှ မဟုတ်ပါဘူး။ နှစ်ပေါင်း(၇၀)တိုင်းရင်းသားတွေ ခံလာပြီးသား။ အဲဒါတွေဖြစ်နေတဲ့အတွက်။ နောက်တစ်ခု ကျွန်တော်တို့ CNF အနေနဲ့ NCA မှာလက်မှတ်ရေးထိုးခဲ့ဖူး၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခဲ့ဖူးတယ်။ လုပ်တာတခြား၊ ပြောတာတခြား ဖြစ်နေတဲ့အခါ ကျွန်တော်တို့လက်တွေ့ ဝမ်းနည်းစရာကောင်းတာ။ အခုဆွေးနွေးပွဲလုပ်နေတဲ့ DKBAရဲ့ ဗိုလ်မှူး တစ်ဦးအိမ်ကို ဗုံးကြဲလိုက်တယ်။ အဲဒါလက်တွေ့ မြင်နေရတဲ့ဟာ ဖြစ်တယ်။ အခု NCA သွားနေတဲ့အခါ စစ်ခွေး တွေက၊ စစ်ကောင်စီက ဘာပြောသလဲ ။ နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တို့ လုပ်တာလုပ်ပါ။ အဲဒါကြောင့် သူ့ရဲ့အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ သူ့ရဲ့ကြိုးဆွဲရာ အတိုင်းသွားနေမှ ဒါတွေကတော့ လက် တွေ့ကျတယ်လို့ ခေါ်မယ်။ သူ့ဘယ်လောက်ပဲပြောနေပြောနေ သူတို့နဲ့ ကျွန်တော်တို့ ဆန္ဒချင်းမတိုက်ဆိုင် ဘူးဖြစ်နေမှာပဲ။ ဒါကတော့ မထူးဆန်းတော့ဘူး ။ အဲဒါတော့ မယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး။ စစ် ကောင်စီရဲ့လုပ်ရပ်က ကျွန်တော်တို့ ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံသားတွေ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ မယုံကြည်နိုင်စရာအကြောင်းလည်း မရှိဘူး။ ကျွန်တော်အဲဒီလိုပဲ ပြောပါရစေ။

-နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အပါအဝင် တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေက သော် လည်းကောင်း၊ ပြီးတော့ ကျွန်တော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF,CDF စသဖြင့် သော်လည်းကောင်း ကျွန်တော်တို့ကတော့ ဒီနွေဦးတော်လှန်ရေးက ကျွန်တော်တို့ရဲ့ အဆုံးစွန်သောတိုက်ပွဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးဉီးတည်ချက် မရရှိဘူးဆိုရင် ဘယ်တော့မှ ရရှိမှာမဟုတ်ဘူး။ အဆုံးစွန်ထိတိုက် မယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဆုံးဖြတ်ပြီးသားဖြစ်တယ်။ အဲဒီအတိုင်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတာ ဖြစ် တယ်။ လုပ်ဆောင်တဲ့နေရာမှာ ခုနက ကျွန်တော်ပြောထားတဲ့အတိုင်း အဆုံးစွန်တိုက်ပွဲဖြစ်တဲ့အတွက် ကျွန် တော်တို့ကတော့ ဆက်ပြီးတော့သွားမယ်။ အဲဒီကြားထဲမှာတော့ အခက်အခဲစိန်ခေါ်မှုတွေက အများကြီး ကြုံ တွေ့ရမှာပဲ။ ဆက်လက်ပြီး ကြုံတွေ့ခဲ့ပြီးပြီ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ၊ ကျွန်တော်တို့အနေနဲ့က စိတ်ဆုံးဖြတ် ထားတာမို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဆက်လက်ပြီးတော့ သွားမယ်။ အခက်အခဲဘယ်လောက်ကြုံနေပါစေ။ အဲဒီစိတ်ဓာတ်နဲ့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်နေလျက်ရှိပါတယ်။ သူတို့ သုံးနေကျ သူတို့ရဲ့မဟာဗျူဟာ နည်းကတော့ ဒါတွေက ကြုံလာ မယ့်ဟာဖြစ်လို့ ဒါတွေက ကျွန်တော်တို့က သိပ်ပြီးမထူးနေဘူး။ ဆက်လက်ပြီး သွားရရုံပဲရှိတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.