January 24, 2023

လူထုကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ စစ်ခေါင်းဆောင်တွေတွန်းပို့ခဲ့တာလို့ NUG ဆို

မော်လမြိုင် – ဇန်နဝါရီ(၂၄) နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ပေမယ့် လူထုကို လက်နက်ကိုင်ပြီး ခုခံမှ ရတော့မယ့် အခြေအနေဖြစ်အောင် မြန်မာစစ်ခေါင်းဆောင်တွေ တွန်းပို့ခဲ့တာဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီလ(၂၄) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။…

“ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း တနည်းအားဖြင့် ပြောရရင် PDF LOCALတပ်ရင်းတပ်ဖွဲ့၊ နွေဦးတော် လှန်ရေးနဲ့ NUGနဲ့ ပူးပေါင်းတဲ့ အဖွဲ့အစည်းတွေကို အဓိကထားပြီး လုပ်ဆောင်တာ ဖြစ်တယ်။ အဲဒီမှာ PDF အင်အားတည် ဆောက် တဲ့နေရာမှာ စစ်ရေးအခြေခံသင်တန်းရယူတဲ့ နေရာဌာနချုပ်ကို မြေပြင်မှာမရတော့တဲ့အတွက် လေကြောင်းကနေ အဲဒီလို အကြမ်းဖက်ပြီးတော့ လုပ်လာတာဖြစ်တယ်”

ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် CNFတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိသလို အဆောက်အဦးတချို့နဲ့ အရပ်သားပြည်သူတွေအတွက် ဖွင့်ထားတဲ့ ဆေးပေးခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် CNF ဌာနချုပ်ကို ဘာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ လာတာလဲ။…

မလေးရှားပြည်နယ် ၅ ခုမှာ ဗုဒ္ဓဟူးနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမယ်

ကွာလာလမ်ပူ၊ ဇန်နဝါရီ(၂၃) မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၅ ခုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး ဗုဒ္ဓဟူးနေ့အထိဆက်လက်ရွာသွန်းန ဦးမယ့် ပြည်နယ်တွေကိုလည်း မလေးရှားနိုင်ငံမိုးလေဝသနဲ့ ဇလဗေဌာနက ထုတ်ပြန်လိုက်ပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ပြည်နယ်တွေကတော့ တီရန်ဂါနူ၊ ပါဟန်၊ ဂျိုဟော်၊ ဆာရာဝက်နဲ့ ဆာဘက် ပြည်နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ တနင်္လာနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှု သတင်းအရ မလေးရှားနိုင်ငံ၊…

ယူကရိန်းအတွက် တင့်ကားတွေ ပေးပို့တာနဲ့ပတ်သက်ပြီး ပိုလန်ကို ဂျာမနီထောက်ခံရပ်တည်မှာ မဟုတ်

ဘာလင် – ဇန်နဝါရီ(၂၄) ရုရှားကျူးကျော်မှုကို တိုက်ခိုက်ဖို့ ပိုလန်က သူတို့ရဲ့ Leopard – 2 တင့်ကားတွေကို ယူကရိန်း အတွက် ပေးပို့တာနဲ့ပတ်သက်ပြီး ဂျာပန်အစိုးရအနေနဲ့ ထေက်ခံရပ်တည်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ယူကရိန်းအာဏာပိုင်တွေက သူတို့ရဲ့ ခေတ်မီဂျာမန်လုပ်တင့်ကားတွေ ထောက်ပံ့ပေးဖို့ အနောက် နိုင်ငံမဟာမိတ်တွေကို လအတော်ကြာ တောင်ဆိုနေပေမယ့် ဘာလင်က သူတို့ကိုပေးပို့ဖို့ နဲ့ တခြား…

ခရီးသွားဧည့်သည်ဆီက အခကြေးငွေယူပြီး အစောင့်အကြပ်အနေနဲ့ လိုက်ပါပို့ဆောင်တဲ့ ရဲအရာ ရှိတွေကို ထိုင်ရဲတပ်ဖွဲ့အကြီးအကဲစုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်

ဘန်ကောက် – ဇန်နဝါရီ(၂၄) ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦးဟာ ဟိုတယ်ကို သွားရောက်ဖို့ ရှေ့ပြေးအစောင့်အကြပ်နဲ့ လိုက်ပါပို့ဆောင်ပေးဖို့ ငွေပေးတောင်းဆိုတာလက်ခံ ခဲ့တဲ့ ထိုင်းရဲအရာရှိ(၃) ဦးကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့အကြီးအကဲက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် (၃) နာရီကြာမြင့်မယ့် ခရီးကို (၁) နာရီသာကြာအောင် ထိုင်း လူဝင်မှု ကြီးကြပ်ရေးက သူမကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ခရီးသွားဧည့်သည် အမျိုး…

ရန်ကုန်ကမြို့နယ်တော်တော်များများ ရေပြတ်လပ်ကာအခက်ကြုံနေရ

ရန်ကုန်၊ ဇန်နဝါရီ (၂၄) ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ မြို့တော်စည်ပင်က ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ ရေပေးဝေမှုဖြတ်တောက်လိုက်တာကြောင့် သုံးရေ၊ ချိုးရေတွေပြတ်လပ်ကာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေပြတ်လပ်သွားတဲ့ မြို့နယ်တွေက ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ ရန် ကင်း၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ဖြစ်ပြီး လူနေထူထပ်ကာ အထပ်မြင့်တိုက်ခန်းတွေအများဆုံးရှိတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။ “ ရေဖြတ်မယ်ဆိုတာ…

ရေးမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရ

ရေး၊ ဇန်နဝါရီ(၂၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ တံတားနီအလွန် ရေး-လမိုင်း မီးရထားသံလမ်းဘေးမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က အသတ်ခံထားရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ရထားသံလမ်းဘေး ခြုံထဲမှာသစ်ခက်တွေနဲ့ အုပ်ထားတဲ့…

စစ်အာဏာသိမ်း (၇၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၈၁၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၄) AAPP ရဲ့ ဇန်နဝါရီ(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၂၂)ရက်အတွင်း ပြည်သူ (၂၈၁၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၂၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…