ဆားလင်းကြီး – ဇန်နဝါရီ(၂၃)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေ က မီးဘေးသင့် ပြည်သူတွေကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင်အဖွဲ့ (၆) ဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ကို တစ်လအတွင်း စစ်ကြောင်း နှစ်ကြိမ်ထိုးပြီးနောက် ကျေးရွာ(၆) ရွာက ပြည်သူပိုင်နေအိမ်(၂၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ တာပါ။

လက်လလောမှာတော့ မီးဘေးသင့် ပြည်သူတွေကို ဒေသခံ သပိတ်အင်အားစုတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ထားတယ်လို့ သိရပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီး ကျောင်းတွေမှာ မှီခိုနေထိုင်နေကြရတယ်လို့ သိရပါတယ်။

မီးဘေးသင့်ပြည်သူတွေကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊လက်ပံတောင်းတောင် ပင်မသပိတ်၊ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ဆားလင်းကြီး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊WAB-အမျိုးသမီးမဟာမိတ်အင်အားစုနဲ့ MTYC တို့ပူးပေါင်းပြီး လှူဒါန်း ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.