ဘောလခဲ၊ ဇန်နဝါရီ(၂၂)
ကယားပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးက မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင် အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်
အဲဒီစစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းတပ်ဖွဲ့က မနက် ၇ နာရီ မိနစ် ၅၀ လောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန် ၁ နာရီနဲ့ ၂၀ မိနစ်အကြာ မနက် ၉ နာရီခွဲအချိန်မှာပဲ စစ်ကောင်စီမယ်စလောင်းတောင်ကုန်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်း ခဲ့ရသလို ကျန်တပ်ဖွဲ့ဝင်တွေက စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်(၁)စီးနဲ့ (၃)ကြိမ်တိုင်တိုင် လာရောက်ပစ် ကူပေးခဲ့ပြီး ဘောလခဲမြို့အခြေစိုက်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ အဆမတန်ပစ်ကူပေး ခဲ့ပေမယ့် စစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ထံကနေ လက်နက်ကြီး အမြောက်အများနဲ့ စစ်အသုံးဆောင် ပစ္စည်းတချို့ကိုလည်း KNDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲမှာ ကရင်နီတပ် မတော် (KA) ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။
ဘောလခဲမြို့နယ် မယ်စလောင်းတောင်ကုန်းရှိ တပ်စခန်းဟာ စစ်ရေးအရအရေးပါတာကြောင့် စစ်ကောင်စီဘက်က နှစ်ပေါင်းများစွာကတည်းက အခိုင်အမာခြေကုပ်ယူထားတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ကရင်နီအ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-KNDF