January 21, 2023

နယူးဇီလန်ဝန်ကြီးချုပ်အပြောင်းအလဲအတွက် ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်

ဝယ်လင်တန်၊ ဇန်နဝါရီ(၂၁) နယူးဇီလန်ဝန်ကြီးချုပ်နှုတ်ထွက်မယ့် ကိစ္စဖြစ်ပေါ်မှုအပြီး အဲဒီနေရာမှာအစားထိုးနိုင်ဖို့အတွက် မဲခွဲဆုံးဖြတ်မှု တစ်ရပ်ကို ကိုယ်စားလှယ်တွေက ပြုလုပ်ခဲ့ပါတယ်။ အသက် ၄၂နှစ်အရွယ် Ardern (အာဒန်)က သူမဟာ နိုင်ငံကို ဆက်လက်ဦးဆောင်ဖို့ ဆန္ဒမရှိတော့ပါဘူးလို့ ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ အစောပိုင်းထက် နောက်မကျဘဲ ရာထူးမှနုတ်ထွက်ကာ ပြန်လည်အရွေး ခံဖို့လည်း မကြိုးစားတော့ကြောင်း ဇန်နဝါရီ(၁၉)ရက်နေ့က ပြောကြားခဲ့တာပါ။ သူမရဲ့ အစိုးရဝန်ကြီးတစ်ဦးလည်းဖြစ်၊ ထိပ်တန်းပြိုင်ဖက်တစ်ဦးလည်းဖြစ်တဲ့…

ယူကရိန်းစစ်ပွဲမှာ ရုရှားရှုံးနိမ့်ရင် နျူစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ ပူတင်မဟာမိတ် သတိပေး

မော်စကို – ဇန်နဝါရီ(၂၁) ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ်တစ်ဦးက ယူကရိန်းကျူးကျော်စစ်မှာ ရုရားရှုံးနိမ့်ရင် နျူကလီးယားစစ်ပွဲဖြစ်ပွားနိုင်တယ်လို့ နေတို့ မဟာမိတ်အဖွဲ့ကို သတိပေးခဲ့ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဖျက်ဆီးဖို့ ကြိုးစားရင် ကမ္ဘာကြီးအဆုံးသတ်သွားမှာ ဖြစ်တယ်လို့ ရုရှားဩသဒေါက်စ် ဘုရားရောင်းအကြီးအကဲက ဆိုခဲ့တာပါ။ အခုလို အပျက်သဘောဆောင်တဲ့ စကားလုံးတွေဟာ ယူကရိန်ရဲ့ မဟာမိတ်တွေ လက်နက် ထပ်မံ ပေးပို့ဖို့…

ကာစီနိုတွေ တရားဝင်ဖြစ်လာဖို့အဆိုပြုချက်ကို ထိုင်းပါလီမန် သုံးသပ်မယ်

ဘန်ကောက် – ဇန်နဝါရီ(၂၁) ထိုင်းပါလီမန်က စင်္ကာပူနိုင်ငံမှာ မြင်တွေ့ရတဲ့ ကာစီနိုတွေနဲ့ ဆင်တူတဲ့ ဖျော်ဖြေရေး လုပ်ငန်း အဆောက်အအုံတွေကို လေ့လာနေတယ်လို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။ တရားဝင် သတ်မှတ်ထားတဲ့ လောင်းကစားလုပ်ငန်းဖြစ်လာဖို့ လေ့လာနေတဲ့ အောက်လွှတ်တော် အထူးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဘွန်လူးက တရားဝင်ခွင့်ပြုထားတဲ့ ဖျော်ဖြေရေး အဆောက် အဦးကို ဦးစွာတည်ဆောက်ရမယ်လို့…

ဒုစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ DKBA ဗိုလ်မှူးကြီး စောအေဝမ်းနေအိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

ဘုရားသုံးဆူ – ဇန်နဝါရီ(၂၁) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ပြောင်မထိန်းကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာရှိ DKBA အမှတ်(၂) စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို ဒီနေ့ ဒီဇင်ဘာလ (၂၁) ရက် မနက်အစောပိုင်းက စစ်ကောင်စီဂျက်ဖိုက်တာတိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်နဲ့ဘုရား ကျောင်းဆောင်အပါအဝင် အလုပ်သမားတန်းလျားတွေ ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့…

“အာဏာသိမ်းတာခြင်းတူပေမယ့်လို့ ထိုင်းစစ်တပ်အပေါ်မှာတော့ နားလည်မှုရှိတယ်။ မြန်မာအပေါ်မှာတော့ နားလည်မှုမရှိဘူး ဆိုတာက သူတို့ဘယ်လိုပဲအကြောင်းပြပြ အမေရိကန်တို့ အနောက်အုပ်စုက လက်မခံဘူး”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်းတပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။ အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးရက်ကြာကျင်းပမယ့် ဒီအစည်း အဝေးမှာ ဘာတွေဆွေးနွေးလာနိုင်လဲ။…

သံဖြူဇရပ် ထင်းရှုးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ

သံဖြူဇရပ်၊ ဇန်နဝါရီ(၂၁) မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်ကောင်စီထင်းရှုးနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး နေထိုင်တဲ့ ထင်းရှုးရဲစခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုပြီးနောက်…

စစ်အာဏာသိမ်း (၇၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၉၆ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၁) AAPP ရဲ့ ဇန်နဝါရီ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၉)ရက်အတွင်း ပြည်သူ (၂၇၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၀၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၆၁) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ထိုင်းနဲ့မြန်မာစစ်ခေါင်းဆောင်တို့ကြား နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စတွေပါဆွေးနွေးလာနိုင်

သံတွဲ၊ ဇန်နဝါရီ(၂၁) ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုရောက်ရှိနေကြတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အကြား ထိုင်း-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအပြင် ရှင်းလင်းရေးကိစ္စရပ်တွေပါ ဆွေးနွေးလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သုံးရက်ကြာကျင်းပမယ့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို သံတွဲမြို့နယ်၊ ငပလီကမ်း ခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။…