ကျောက်ကြီး၊ ဇန်နဝါရီ(၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU ကျောက်ကြီးမြို့နယ်ထဲမှာ ဇန်နဝါရီလ လဝက်အတွင်း စစ်ကောင် စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ(၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ လူထု(၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီ(၃)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ (၁၅)ရက်အတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာပေါင်း(၈)ရွာထဲကို လက်နက်ကြီးအလုံးပေါင်း (၃၁)လုံးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရဲ့ နေအိမ်(၂) လုံးနဲ့ ထင်းပုံတစ်ပုံပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့်လည်း အသက်(၁၆)နှစ်အရွယ် ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည် သူလူထု (၂၅၆၆)ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ KNU ညောင်လေးပင်ခရိုင်မှာ တပ်စွဲထားတဲ့ ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁ နဲ့ ခမရ-၄၃၉ တို့ဖြစ်ကြပြီး ခလယ်တူရယ်ကျေးရွာထဲကို လက်နက် ကြီး (၉) လုံး၊ ဃဲဒဲကျေးရွာထဲကို (၄) လုံး၊ ပကော်ခီး ကျေးရွာကို (၂) လုံး၊ ကျို့ကုန်းကျေးရွာကို (၂) လုံး၊ သရေးစီလော်ကျေးရွာကို (၂) လုံး၊ မတောကူးကျေးရွာကို (၅) လုံး၊ သေဂေါ်ဒဲ ကျေးရွာကို (၄) လုံး နဲ့ ရွှေပေါက်ကံထဲကို (၃) လုံး စုစုပေါင်း ကျေးရွာ (၈) ရွာထဲကို လက်နက်ကြီးအလုံးရေ စုစုပေါင်း (၃၁) လုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ စစ်ကောင်စီတပ်က လက် နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေ ဆုံးမှုရှိခဲ့သလို လူဦးရေ(၁၆၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.