သံဖြူဇရပ်၊ ဇန်နဝါရီ(၁၉)

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ထင်းရှူးကျေးရွာရှိ ရဲကင်းစခန်းကို ဇန်နဝါရီ ၁၈ ရက်နေ့မနက် ၆ နာရီခွဲအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်း ထန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထင်းရှူးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အဲပစ်ခတ်မှုမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ်(၃၁၅) အမြောက်တပ်က လက်နက်ကြီး အ ဆက်မပြတ်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာအ တွင်းကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ထင်းရှူးကျေးရွာဘက်ကနေ စွပ်ပလောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေအပြင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ရေးပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.