မော်လမြိုင် – ဇန်နဝါရီ(၁၇)
အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦး တော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး မူကိုကိုင်ဆွဲကာ ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်စွဲ ထားတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီလ (၁၇) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၃) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
“NUG အစိုးရအနေနဲ့ စစ်ကောင်စီ ကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူ လူထုရဲ့ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက် ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ် ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ် တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး” လို့ NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲ ဝင်နေသလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို ပြန်လည်တည့် မတ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါသေးတယ်။
လက်ရှိနိုင်ငံအတွင်း အခြေအနေတွေမှာ စစ်ဘေးဒုက္ခနဲ့ ကြုံနေရတဲ့ ပြည်သူလူထု အမြောက် အများ ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အများ ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ရေးနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ နေရာမှာ သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ မဟာ ဗျူဟာအရ မှန်မှန်ကန်ကန်ဖြစ်ရေ သတိပြုဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ ရပ်တည်ပြီး စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။
သတင်း -သံလွင်တိုင်းမ်