မင်္ဂလာပါရှင့်။
သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီပဲယင်းမြိုနယ် မန်ကျည်းစောက်ရွာစာသင် ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို အကြမ်းဖက်ပဒက်များက ရေမျှောဖျက်ဆီး” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်းဝေ တယ်လီဂရမ်အကောင့်ကနေ ဇန်နဝါရီလ (၁၆)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “ဒီပဲယင်းမြို့နယ် မန် ကျည်းစောက်ရွာ စာသင် ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို အကြမ်းဖက် ပဒက်များက ရေမျှောကာ ဖျက်ဆီးခဲ့ကြကြောင်း ပုံပါအတိုင်းတွေ့ရှိရသည်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံ လွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ဒီပဲယင်းမြို့နယ် မန်ကျည်းစောက်ကျေးရွာကို အကြမ်းဖက် ဝင်ရောက်မီးရှို့ဖျက် ဆီးသကဲ့သို့ ကလေးများပညာရေး ကျောင်းသုံးစာအုပ်များအား ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ(၆)ရက်က ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကတဆင့် မန်ကျည်းစောက်ရွာထဲ စီးနင်းဝင်မွှေ ခိုးယူတဲ့ စစ်အုပ်စုဟာ နေအိမ် (၆၉)လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စနစ်တကျ ထုပ်ပိုးထားရှိတဲ့ ကျောင်းသုံး စာအုပ်တွေကိုပါ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကို စုံစမ်းမေးမြန်းကာ Mandalay Free Press သတင်းဌာနက ဖော်ပြထားတာကို စိစစ်တွေ့ရပါတယ်။
ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ သတင်းထုတ်ပြန်ချက်လင့်
Mandalay Free Press သတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်
Chindwin postသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်လင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဒီပဲယင်းမြို့ နယ် မန်ကျည်းစောက်ရွာ စာသင်ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို အကြမ်းဖက်ပဒက်များက ရေမျှောဖျက်ဆီး” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့သတင်း အမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်