ပခုက္ကူ – ဇန်နဝါရီ(၁၆)
မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အီနာဂါဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ မနက်အစောပိုင်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီးချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကို မနက်(၈) နာရီကနေ ညနေ(၃) နာရီလောက်ထိ အီနာဂါဗုံးသီး ဆယ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ က ဗိုလ်က်ျာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာကို မြေပြင်ရှင်းလင်း ရေးလုပ်စဉ်မှာ MA-1 အမျိုးအစားသေနတ်တစ်လက်နဲ့ ကျည်ဘောက်တစ်ခု ကျည် ၂၅ တောင့် ရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၁၃) ရက်နေ့မှာ ပေါက်မြို့နယ် လယ်ဘဲ့ကျေးရွာဘက်ကို ကင်းပတ်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို မြိုင် ပ.က.ဖ တပ်ရင်း -၁ နဲ့ Anonymous Special Task Force Pauk တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ ပျူစောထီး (၄) ဦးဒဏ်ရာရရှိသွားတယ် လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်