ဘန်ကောက်၊ ဇန်နဝါရီ (၁၄)
မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ One Championship MMA ပြိုင်ပွဲရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲမှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီစတဲ့ ပွဲချိန် ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အောင်လဆန်ဆန်တို့ရဲ့ ပွဲစဉ်ကိုတော့ ဒီနေ့ ဇန်နဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ပွဲရသွားတဲ့ အောင်လအန်ဆန်ကတော့ မြန်မာပရိသတ်ကို ကျေးဇူးတင်းကြောင်းနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အမြဲဆုတောင်းပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်