January 13, 2023

အီရန်ဆန္ဒပြပွဲများကြောင့် အနည်းဆုံးသတင်းသမား ၃၀ ထက်မနည်း ထောင်ချခံရ

တီဟီရန်၊ ဇန်နဝါရီ(၁၃) မာရှာအမ်မီနီသေဆုံးမှုကြောင့် အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်လို့ အနည်းဆုံးသတင်းသမား အယောက် (၃၀) ဟာ ထောင်ထဲမှာရှိနေသေးတယ်လို့ တီဟီရန် သတင်းထောက်များအသင်းက ပြောပါတယ်။ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အီရန်ဝတ်စားဆင်ယင်မှုဥပဒေကို ဖောက်ဖျက်တဲ့ စွပ်စွဲချက်နဲ့ အမ်မီနီကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အဲဒီမိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၆ ရက်ကလို့လေးလကြာဆန္ဒပြမှုတွေ နိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလလယ်ကတည်းက သတင်းသမား…

အဝတ်လဲခန်းထဲ လျှို့ဝှက်ကင်မရာတပ်ပြီး ရိုက်ထားတဲ့ရုပ်သံဖိုင်တွေ တွစ်တာမှာ ပျံ့နှံ့နေလို့ H&M Malaysia က တိုင်ချက်ဖွင့်

ကွာလာလမ်ပူ – ဇန်နဝါရီ(၁၃) H&M Malaysia က ကွာလာလမ်ပူမှာရှိတဲ့ အရောင်းဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်း လူမသိ အောင် တပ်ဆင်းထားတဲ့ ကင်မရာက ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရောင်းချနေတယ်လို့ ထုတ်ဖော် ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သက်ဆိုင်ရာ H&M ဆိုင်ခွဲ အရောင်း မန်နေဂျာက တိုင်ချက်ဖွင့်ခဲ့တာပါ။ “ကျွန်ုပ်တို့…

နိုင်ငံတကာဝေဖန်မှုတွေ ရှိနေတဲ့တရုတ်က သူတို့ရဲ့ ကိုဗစ်အစီရင်ခံမှု ရပ်ဆိုင်း

ပေကျင်း – ဇန်နဝါရီ(၁၃) တရုတ်နိုင်ငံဟာ သူတို့ရဲ့ နေ့စဉ် ကိုဗစ်အရေအတွက် အစီရင်ခံစာကို သုံးရက်ကြာ အပ်ဒိတ် မလုပ်ဘဲ သတင်းအချက်အလက် ချန်လှပ်ထားတဲ့အတွက် ရောဂါဖြစ်ပွားမှုရဲ့ အကျိုးသက် ရောက်မှု အမှန်ကိုဖုံးကွယ်ထားတယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နေ့စဉ် ကိုဗစ်အခြေအနေ အပ်ဒိတ်ကို ဖော်ပြတဲ့ အပြင်းအထန်ဖျားနာလူနာတွေနဲ့ သေဆုံးမှု အရေအတွက်စာရင်းကို တရုတ်က ပြီးခဲ့တဲ့ ဇန်နဝါရီ(၉) ရက်က…

နတ်မောက်မှာ မဲစာရင်းကောက်ဖို့ ဖိအားပေးနေတဲ့ မူလတန်းကျောင်းအုပ် ရှင်းလင်းခံရ

နတ်မောက် – ဇန်နဝါရီ(၁၃) မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ မဲစာရင်း ကောက်ယူဖို့ ဖိအားပေးနေတဲ့ မူလတန်းကျောင်းအုပ် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။ နတ်မောက်မြို့နယ် ဖျောက်ဆိတ်ကုန်း(အ.မ.က) ကျောင်းအုပ် ဦးဝင်းခိုင် ကို မကွေးပြောက်ကျား တပ်နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်(နတ်မောက်) တို့ ပူး ပေါင်းပြီး ဇန်နဝါရီလ(၁၂) ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။…

လှိုင်မြို့နယ်က အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်ပျံ့နှံ့မှု ဖြစ်စဉ်ကြောင့် ဒေသခံ ၅၀ခန့် ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇန်နဝါရီ(၁၃) ရန်ကုန်မြို့ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက် အုတ်ကျင်းမှတ်တိုင်အနီးရှိ မိုးရေသန့်စက်ရုံမှ စက်ရုံသုံး အမိုးနီးယား ဓာတ်ငွေ့အိုး ချွတ်ယွင်းပြီး အနီးဝန်းကျင်ရပ်ကွက်တွေဆီ ဓာတ်ငွေ့ပျံ့နှံ့ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူ (၅၀)ခန့် မူးဝေအော့အန်တာတွေ ဖြစ်ပွားခဲ့လို့ အနီးဆုံးဆေးရုံတွေဆီကို အရေးပေါ်ပို့ဆောင်ခဲ့ရပြီး အခြေအနေ စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။ “ သေတဲ့လူတော့မရှိပါဘူး။ ကျွန်မတို့ တိုက်က အသက်ကြီးပိုင်း အဘွားတစ်ယောက် အသက်ရှုရပ်မလိုဖြစ်တယ်။ ကလေးတစ်ယောက်…

“ရှမ်းပြည်နယ်လုပ်ငန်းတွေမှာ ခရီးသွားကာလအတွက် ဟိုတယ်တွေ တိုးချဲ့ပြီးဆောက်နေတဲ့ အခြေအနေတွေကနေ အခုဆိုရှိပြီးသား ဟိုတယ်တွေ ပြန်ပြီးတော့ရောင်းချတဲ့အဆင့်တွေလည်း ဖြစ်ပေါ်လာတယ်”

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နဲ့ ဆက်သွယ်မေးမြန်းချက်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အများဆုံးလာရောက်လေ့ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ အနီးမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အင်းလေးဒေသက ခရီးသွားလုပ်ငန်းအများစု ရပ်နားလာကြတာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်တိုက်ပွဲဟာအင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိနေလဲ။ လတ်တလောမှာ ဘယ်လို ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရလဲ။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ ခရီးသွားလုပ်ငန်းတွေဟာ…

စစ်အာဏာသိမ်း (၇၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၃၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၃) AAPP ရဲ့ ဇန်နဝါရီ(၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၁၁)ရက်အတွင်း ပြည်သူ (၂၇၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၂၁၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပြည်တွင်းရွှေဈေး အတက်ကြမ်းပြီး အရောင်းအဝယ်အေးနေ

မော်လမြိုင်၊ ဇန်နဝါရီ(၁၃) ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း မီးလင်းအခေါက်ရွှေ (၁)ကျပ်သားကို ကျပ်(၂၇)သိန်း ဝန်း ကျင်ကနေ ကျပ် (၂၈)သိန်းခွဲနီးပါးအထိ ဈေးနှုန်းပြန်လည်မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ရွှေလုပ်ကွက်တွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရွှေတစ်အောင်စကို အမေရိကန်…