မော်လမြိုင် – ဇန်နဝါရီ(၁၁)

အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး စစ်ရေး တပ်ဦးကနေ ဦးဆောင်နေတယ်ဆိုပေမယ့် တော်လှန်ရေး/ သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှု မရရင် ရှေ့ဆက်လို့ မရတဲ့အတွက် အစိုးရနဲ့ သက်ဆိုင်ရာ အင်အားစုတွေကြား အပြန်အလှန်ယုံကြည်မှု ရှိရေး အထူးအလေးထားတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၀) ရက်နေ့က အွန်လိုင်းကတစ်ဆင့် မြေပြင် သပိတ် (၁၂) ဖွဲ့နဲ့ တွေ့ဆုံ ချိန်မှာပြောခဲ့တာပါ။

“NUG မှာ နွေဦးတော်လှန်ရေးကို တပ်ဦးက ဦးဆောင်နေသော် လည်း တော်လှန်ရေး အင်အား စုများ၏ယုံကြည်မှုကို မရဘဲ ရှေ့ဆက်ရနိုင်မည်မဟုတ်ဘူး” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် NUG အစိုးရကို အားမနာတမ်းဝေဖန် အကြံပြုကြဖို့ ပြောခဲ့ပြီး ဘယ်သောအခါမှ ငါတကော ကောပြီး လုပ်ဆောင်မှာမဟုတ်ဘဲ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ် တစိုက် လုပ်ဆောင်ဖို့ ကြိုးစားမှာဖြစ်တယ်လို့ ပြောပါသေးတယ်။

မြေပြင်သပိတ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ ခေတ်အမြင်၊ ခေတ်အတွေးအခေါ်တွေနဲ့ လုပ်ဆောင်နေတာကြောင့် ပြည်တွင်းပြည်ပက စောင့်ကြည့်တာတွေရှိနေတယ်လို့ သိရပါတယ်။

တော်လှန်လူငယ်တွေအနေနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပြီး အသိပညာကိုယ်ခံအား တည်ဆောက်ထားကြဖို့ ယာယီသမ္မတ က သပိတ်အင်အားစု တွေကို တိုက်တွန်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.