လန်ဒန် – ဇန်နဝါရီ(၁၂) 

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ရဲ့ လန်ဒန်တွေ့ဆုံမှုမှာ နှစ်နိုင်ငံ အရေးကြီးတဲ့ ကာကွယ်ရေးသဘောတူညီချက်သစ်ကို လက်မှတ်ထိုးမှာဖြစ်တယ်လို့ ဒေါင်းနင်း လမ်း(ဝန်ကြီးချုပ်ရုံး) ပြောပါတယ်။ 

လန်ဒန် သမိုင်းဝင်မျှော်ဟင်မှာ လက်မှတ်ရေးထိုးမယ့် ဗြိတိန်က ဂျပန်မှာ တပ်ဖြန့်ခွင့်ပြုတဲ့ သဘောတူညီချက်ဟာ ရာစုနှစ်တစ်ခုကျော်တွင်း နှစ်နိုင်ငံရဲ့ အထင်ရှားဆုံး ကာကွယ်ရေး သဘောတူညီချက်ဖြစ်ခဲ့တာပါ။ 

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ G-7 မှာ ဂျပန်နိုင်ငံရဲ့ လက်ရှိဥက္ကဋ္ဌ ရာထူးနဲ့ ယူကရိန်းအတွက် စုပေါင်းပံ့ပိုးမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေး သွားမှာဖြစ်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ 

“လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာ ယူကေနဲ့ ဂျပန်ကြား ဆက်ဆံရေးရဲ့ ပြီးခဲ့တဲ့အခန်းကို ရေးခဲ့ပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အရှိန်မြှင့် တည်ဆောက်ကာ ပိုမိုနက်ရှိုင်းစေပါတယ်” လို့  ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ပြောပါတယ်။ 

ပစိဖိတ်ဒေသမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ်က ထောက်ခံအားပေးဖို့ အပြန်အလှန်ကတိပြုခဲ့ ကြပါတယ်။ 

“ယခုလို အပြန်အလှန် လက်လှမ်းမီရေးသဘောတူညီချက်ဟာ ကျွန်ုပ်တို့နိုင်ငံနှစ်ခုလုံးအတွက် အလွန်အရေးကြီးပါသည်၊ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကျွန်ုပ်တို့၏ကတိကဝတ်ကို ခိုင်ခံ့စေပြီး စီးပွားရေးလုံခြုံရေးကို အားကောင်းလာစေရန်အတွက် ကျွန်ုပ်တို့၏ပူးတွဲကြိုးပမ်းမှုများကို အလေးပေးဖော်ပြတာဖြစ်တယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ပြောခဲ့ပါတယ်။  

ဗြိတိန်၊အီတလီနဲ့ ဂျပန်တို့ဟာ အနာဂတ်ကာလမှာ တိုက်လေယာဉ်တစ်စင်းပူးတွဲထုတ်လုပ်သွား မယ်လို့ ကြေညာခဲ့ကြပြီး “Global Combat Air Programme” လို့ခေါ်တဲ့ ပထမဆုံး ဂျက်လေ ယာဉ်တွေကို လာမယ့် ၂၀၃၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

နိုင်ငံ(၃) နိုင်ငံရဲ့ ကုန်ကျစရိတ်ကြီးမားတဲ့ ထုတ်လုပ်မှုမှာ လက်ရှိသုတေသနကို ကိုယ်ပျောက်စွမ်း ရည် က နည်းပညာမြင့် အာရုံခံ ကိရိယာတွေအထိ ဝေဟင်စစ်ပွဲ နည်းပညာအသစ်တွေနဲ့ ပေါင်း စပ်ထားတယ်လို့ သိရပါတယ်။

စစ်ပြီးခေတ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဂျပန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိ သာသာ ကန့်သတ်ထားပေမယ့် မြောက်ကိုရီးယာက ဒုံးကျည်အကြိမ်ကြိမ် ပစ်လွှတ်နေတာနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေ တိုးပွားလာတာကြောင့် ဆယ်စုနှစ်အတွင်း လုံခြုံရေးဗျူဟာကို အကြီးအကျယ် ပြင်ဆင်နေတာဖြစ်ပါတယ်။ 

ခေါင်းဆောင်တွေဟာ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး(CPTPP) အတွက်ဗြိတိန်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပါဝင်ခွင့်အပါအဝင် ကုန်သွယ်မှုကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထား ကြတယ်လို့ သိရပါတယ်။ 

ဂျပန်နဲ့ အမေရိကန် ရေတပ်တို့ရဲ့ ပုံမှန် ပစိဖိတ်စစ်ရေးလေ့ကျင့်မှုမှာ ဗြိတိန် ကင်းလှည့် သင်္ဘော တစ်စင်းဟာ ပြီးခဲ့တဲ့ နှစ်ကစပြီး ပထမဆုံးအကြိမ် ပါဝင်ခဲ့သေးတယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.