မော်လမြိုင်၊ ဇန်နဝါရီ၊ (၁၁)

ပရီးမီးယားလိဂ်ကလပ်အသင်း ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း တောင်ပံကစားသမား ဖီးလစ်ကို အခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမား ဖီးလစ်ကို ချဲလ်ဆီးအသင်းက ပေါင် ၉ သန်းကျော် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ပါအချက်အလက်တွေအရ ချဲလ်ဆီးအသင်းဟာ ဖီးလစ်အတွက် လုပ်ခလစာ ထပ်မံပေးချေရမှာ ဖြစ်သလို အငှားစာချုပ်ပြည့်ချိန်မှာလည်း အပြီးသတ်ခေါ်ယူခွင့် ရရှိမှာ မဟုတ်ပါဘူး။

ဖီးလစ်ဟာ ချဲလ်ဆီအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့အတွက် ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ လန်ဒန်မြို့သို့ ရောက်နေပြီလို့ ဖော်ပြနေကြတာပါ။

ဖီးလစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၁၃၁ ပွဲကစားပေးထားပြီး သွင်းဂိုး ၃၅ ဂိုး သွင်းယူပေးထားပါတယ်။

ဖီးလစ်ရဲ့ ချဲလ်ဆီးအသင်းကတော့ ဒီပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ကြုံနေရတာကြောင့် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.