နယူးဒေလီ၊ ဇန်နဝါရီ(၁၂)

ဒေသတွင်းမှာစစ်ရေးပြင်ဆင်မှုတွေ အရှိန်အဟုန်မြင့်လာပြီး တရုတ်နဲ့နှစ်နိုင်ငံအကြားမပြေလည်မှုတွေ သုံးနှစ် ကြာရောက်လာချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ရွေ့လျားနိုင်တဲ့ လေကြောင်းကာကွယ်ရေးပဲ့ထိန်းဒုံးတွေကို ဝယ်ယူသွားဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။
ဒီပဲ့ထိန်းဒုံးတွေကိုတော့ တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာထားရှိသွားမယ်လို့လည်း ပြောကြားလိုက် တာပါ။
တပ်သားတွေ ပစ်ခတ်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးဝယ်ယူမှုတွေကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးမှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။

“လတ်တလောမြောက်ပိုင်းနယ်စပ်အခြေအနေကို ကြည့်မယ်ဆိုရင် လူကိုယ်တိုင်သယ်ပြီးပစ်နိုင်တဲ့ လေ ကြောင်းကာကွယ်ရေး ပဲ့ထိန်းဒုံးတပ်ဆင်နိုင်ရေးကို အာရုံထားပါတယ်” လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အကွာအဝေးနိမ့်တဲ့ အမြင့်ပေကနေ ဝေဟင်ကနေ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အိန္ဒိယ သုတေသနအဖွဲ့အစည်း DRDO ကနေ အဲဒီဒုံးကျည်ကို ဒီဇိုင်းထုတ်လုပ်ထားကာ အမေရိကန်လုပ် FIM-92 Stinger မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ အလားသဏ္ဍာန်တူတယ်လို့ ဖော်ပြထားပါတယ်။ 
၂၀၂၀ ဇွန်လအတွင်း ဟိမဝန္တာဒေသတဝိုက် ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အိန္ဒိယစစ်သား ၂၀နဲ့ တရုတ်စစ်သား ၄ ဦးတို့ ကျဆုံးခဲ့ပြီး အဲဒီအဖြစ်အပျက်ဟာ နှစ် ၄၀အတွင်း အဆိုးဆုံးဖြစ်ခဲ့ကာ နောက်ပိုင်း မှာတော့နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

နယ်စပ်အကျပ်အတည်း  ပြေလည်ရေးအတွက် နှစ်ဖက်စကားပြောမှုတွေကို ၁၇ နှစ်ကြိမ်တိုင်တိုင် ဆောင် ရွက်ခဲ့ပေမယ့်လည်း ရလဒ်မကောင်းခဲ့ပဲ လွန်ခဲ့တဲ့လအတွင်းမှာတော့ အိန္ဒိယအရှေ့မြောက်နယ်စပ်မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်တွင်းထုတ် တင့်ကားဖျက်ဒုံးတွေတပ်ဆင်နိုင်တဲ့ ရဟတ်ယာဉ်နဲ့ သင်္ဘောဖျက်ဒုံးတွေ တပ်ဆင်နိုင်တဲ့ ဘရာမို့ချ် စစ်ယာဉ်ဝယ်ယူရေးကိုလည်း ထပ်မံအတည်ပြုခဲ့ပြီး စစ်သုံး အကြီးစားအစိတ်အပိုင်းတွေအတွက် အမေရိကန်ဒေါ်လာ ၆၉၇.၁၄ မီလီယမ် ကုန်ကျသင့်မှာဖြစ်တယ်လို့ လည်းပြောကြားခဲ့တာပါ။

Ref; straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.