January 12, 2023

ကယားပြည်နယ်မှာ စစ်ကောင်စီကို တစ်နှစ်အတွင်း ဒရုန်းနဲ့ (၁၂၅) ကြိမ်အထိတိုက်ခိုက်နိုင်ခဲ့

လွိုင်ကော် – ဇန်နဝါရီ(၁၂) ကယားပြည်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက တစ်နှစ်အတွင်းဒရုန်းနဲ့ ဝေဟင်တိုက်ခိုက်မှု (၁၂၅) ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။​ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအရာရှိနဲ့ တပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြပြီး လက်နက်ခဲယမ်း၊အဆောက်အအုံတွေနဲ့ ထောက်ပို့ ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို Anti- Drone Guns ၊Jammer တွေနဲ့…

ရေးမြို့မှာ ဒုရဲမှူး တစ်ဦး အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

ရေး – ဇန်နဝါရီ(၁၂) မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်၊ အုန်းတောအစုမှာ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီလောက်က ဒုရဲမှူး တစ်ဦးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ထုတ်ပြန်ပါတယ်။ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတက်ကြောင်း သတင်းအရ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က စောင့်ဆိုင်းပြီး…

တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသအတွက် လေကြောင်းပဲ့ထိန်းဒုံးတွေ အိန္ဒိယဝယ်ဖို့ စီစဉ်

နယူးဒေလီ၊ ဇန်နဝါရီ(၁၂) ဒေသတွင်းမှာစစ်ရေးပြင်ဆင်မှုတွေ အရှိန်အဟုန်မြင့်လာပြီး တရုတ်နဲ့နှစ်နိုင်ငံအကြားမပြေလည်မှုတွေ သုံးနှစ် ကြာရောက်လာချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ရွေ့လျားနိုင်တဲ့ လေကြောင်းကာကွယ်ရေးပဲ့ထိန်းဒုံးတွေကို ဝယ်ယူသွားဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ဒီပဲ့ထိန်းဒုံးတွေကိုတော့ တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာထားရှိသွားမယ်လို့လည်း ပြောကြားလိုက် တာပါ။တပ်သားတွေ ပစ်ခတ်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးဝယ်ယူမှုတွေကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးမှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။ “လတ်တလောမြောက်ပိုင်းနယ်စပ်အခြေအနေကို ကြည့်မယ်ဆိုရင် လူကိုယ်တိုင်သယ်ပြီးပစ်နိုင်တဲ့ လေ ကြောင်းကာကွယ်ရေး ပဲ့ထိန်းဒုံးတပ်ဆင်နိုင်ရေးကို…

ဗြိတိန်နဲ့ ဂျပန်တို့ရဲ့ ကာကွယ်ရေး သဘာတူညီချက်အသစ် လက်မှတ်ရေထိုး

လန်ဒန် – ဇန်နဝါရီ(၁၂) ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ရဲ့ လန်ဒန်တွေ့ဆုံမှုမှာ နှစ်နိုင်ငံ အရေးကြီးတဲ့ ကာကွယ်ရေးသဘောတူညီချက်သစ်ကို လက်မှတ်ထိုးမှာဖြစ်တယ်လို့ ဒေါင်းနင်း လမ်း(ဝန်ကြီးချုပ်ရုံး) ပြောပါတယ်။ လန်ဒန် သမိုင်းဝင်မျှော်ဟင်မှာ လက်မှတ်ရေးထိုးမယ့် ဗြိတိန်က ဂျပန်မှာ တပ်ဖြန့်ခွင့်ပြုတဲ့ သဘောတူညီချက်ဟာ ရာစုနှစ်တစ်ခုကျော်တွင်း နှစ်နိုင်ငံရဲ့ အထင်ရှားဆုံး ကာကွယ်ရေး သဘောတူညီချက်ဖြစ်ခဲ့တာပါ။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ G-7…

(၃) နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ မြဝတီ – မဲဆောက်တံတား ပြန်ဖွင့်

မြဝတီ – ဇန်နဝါရီ(၁၂) ကိုဗစ်ကြောင့် (၃) နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ ထိုင်း – မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတား နယ်စပ် ဂိတ်ကို ဒီနေ့ ဇန်နဝါရီလ (၁၂) ရက် မနက်ပိုင်းက နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖွင့်လှစ်ခဲ့ ကြပါတယ်။ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၁) ချစ်ကြည်ရေး တံတားကို…

လောင်းလုံးမြို့နယ်က ဒေသခံနေအိမ် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

လောင်းလုံး၊ ဇန်နဝါရီ(၁၂) တနင်္သရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ရောက်ရှိလာပြီးနောက် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဟင်းချိုတောရွာကို လှေနဲ့ရောက်ရှိလာပြီးနောက် ဒေသခံနေအိမ် ၅ လုံးကို…

“ကရင်နီတစ်ပြည်လုံးအတိုင်းအတာဆိုရင်တော့ ကျွန်တော်တို့က ၇၀၊၇၅ရာခိုင်နှုန်းကကျွန်တော်တို့ လက်ထဲမှာပဲရှိတယ်ပေါ့လေ။ ကျန်တဲ့ ၂၅ရာ ခိုင်နှုန်းက ရယူနိုင်ဖို့ရာအတွက်ကိုလည်း ကျွန်တော်တို့ နေ့စဉ်ကြိုးစားနေတဲ့အခြေအနေရှိပါတယ်”

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး(၂) မာဝီနဲ့ဆက်သွယ်မေးမြန်းချက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခုအခါမှာတော့ လူထုထောက်ခံနဲ့အတူ တပ်အင်အား ပိုမိုကြီးထွားလာသလို ကယားပြည် နယ်ရဲ့ နေရာအများစုကိုလည်း ထိန်းချုပ်လာနိုင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF) ရဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ၊ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊…

ထိုင်းမှာဖမ်းခံထားရတဲ့ မူးယစ်ရာဇာဆီမှာ မြန်မာစစ်ခေါင်းဆောင်မိသားစုပိုင်ဆိုင်မှုတွေ တွေ့ရှိ

ဘန်ကောက် – ဇန်နဝါရီ(၁၂) မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံ ထားရတဲ့ ခရိုနီ ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ တိုက်ခန်းထဲမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီး တွေရဲ့ ပိုင်ဆိုင်မှုတွေကို အာဏာပိုင်တွေက တွေ့ရှိထားတယ်လို့ အမှုနဲ့ နီးစပ်သူတွေက ရိုက်တာ ကို ပြောပါတယ်။ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံသား(၃) ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၅၃)…