ဘီးလင်း၊ ဇန်နဝါရီ(၁၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံဘက်ကနေ ဘီးလင်းထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒေါက်ရပ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ဘီးလင်းတိုးဂိတ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် မိုင်းဆွဲခံရတဲ့စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန်ပစ် ခတ်မှု တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ကား ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသွားကား ရာနဲ့ချီ ပိတ်မိခဲ့ပြီး ညနေ ၄ နာရီလောက်မှာ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင် စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမဖြစ်တာ လအတော်ကြာခဲ့ပြီး အခုအခါမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.