တိုင်ပေ – ဇန်နဝါရီ(၁၁)
တရုတ်နိုင်ငံက ရှုတ်ချခဲ့တဲ့ကြားက ထိုင်ဝမ်ကျွန်းကို လာရောက်လည်ပတ်နေတဲ့ ဂျာမနီ အကြီး တန် လွှတ်တော်အမတ်နဲ့ တွေ့ဆုံချိန်မှာ ဒေသတွင်း အခြေအနေတွေကို ထိန်းသိမ်းရာမှာ အကူ အညီပေးဖို့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် က တောင်းဆိုလိုက်ပါတယ်။
ထိုင်ဝမ် ကို တရုတ်နိုင်ငံက သူတို့ရဲ့ပိုင်နက်အဖြစ် ဆိုထားကာ ပြီးခဲ့တဲ့ နှစ်ဩဂုတ်လက ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေအပါအဝင် စစ်ရေးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဏာရှင်စနစ် ချဲ့ထွင်မှုကို ရင်ဆိုင်ရာမှာ ဒီမိုကရေစီနိုင်ငံတွေက အတူတကွ ရပ်တည်ရ မယ်လို့ သမ္မတရုံးမှာ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
“လာမယ့်နှစ်ကစပြီး ထိုင်ဝမ်ရဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ့် သက်တမ်းကို တစ်နှစ် တိုးမြှင့်ခဲ့ပြီး ဒါက ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးပြီး ကျွန်တော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို ပြသမှာပါ” လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်ကို ကိုးကားပြီး သူမက ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်းစည်းလုံးညီညွတ်မှုနဲ့ သာယာဝပြောရေးကို ထိန်းသိမ်းဖို့ ထိုင်ဝမ်၊ ဂျာမနီနဲ့ တခြား ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့ သူမက တောင်းဆိုထားပါသေး တယ်။
လက်ရှိအချိန်မှာတော့ ဂျာမနီနိုင်ငံဟာ တခြားနိုင်ငံတွေလို ထိုင်ဝမ်နဲ့ တရားဝင်သံတမန် ဆက်ဆံရေး မရှိပေမယ့် တရုတ်နိုင်ငံနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ပိုမို စောင့်ကြည့်နေပြီး အာရှရဲ့ စီးပွားရေး စူပါ ပါဝါ နိုင်ငံအပေါ်မှီခိုနေရတာကို လျှော့ချနိုင်မယ့် မဟာဗျူဟာ အသစ်ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုဟာ တစ်ကမ္ဘာလုံးအတွက် နှိုးဆော်မှုတစ်ခု ဖြစ်ခ့တယ်လို့ ဂျာမန်ပါလီမန် ကာကွယ်ရေးကော်မတီ အကြီးအကဲက ပြောခဲ့ပါတယ်။
“ဒါကြောင့် ကျွန်ုပ်တို့က ဒီမိုကရက်တစ်နိုင်ငံတွေအဖြစ် အတူတကွ နီးနီးကပ်ကပ် ရပ်တည်နေကြောင်း ကမ္ဘာကြီးကို ပြောဖို့ ဒီနိုင်ငံ၊ ဒီအံ့သြစရာကောင်းတဲ့ ကျွန်းကိုလာရတဲ့ အကြောင်းရင်းပဲ” လို့သူမက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဂျာမနီရဲ့ ဒုတိယကမ္ဘာစစ်ပြီးခဲ့တဲ့ အကြောင်းကို ရည်ညွှန်းပြီး တရုတ်နိုင်ငံက ဂျာမန် ပါလီမန် အကြီးအကဲရဲ့ ခရီးစဉ်ကို ဒေါသတကြီး ဝေဖန်ထားပါတယ်။
“ထိုင်ဝမ်ပြဿနာရဲ့ မူလဇစ်မြစ်ကတော့ လွှမါးမိုးမှု၊ ကိုလိုနီနယ်ချဲ့ဝါဒနဲ့ စစ်အာဏာရှင်စနစ်တို့ ကနေ အတိအကျ ပေါက်ဖွားလာတာလို့ ကျွန်တော်တို့ ထောက်ပြချင်ပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံဟာအကြီးအကျယ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဂျာမနီဟာ နက်နဲပြီး ဝမ်းနည်းစရာကောင်းတဲ့ အဲဒီအတွက် သမိုင်းဝင် သင်ခန်းစာပါပဲ” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝင်ဘင်မ် က ပြောခဲ့ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ကျွန်းရဲ့ (၂၃) သန်းသော ပြည်သူတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုထားပါတယ်။
Ref: Reuters