ဘန်ကောက် – ဇန်နဝါရီ(၁၁) 

ထိုင်းနိုင်ငံ လျှပ်စစ်ကာမူဝါဒ ကော်မတီက နိုင်ငံအတွင်း လျှပ်စစ်ယာဉ်တွေ အစားထိုး သုံးစွဲနိုင်ဖို့ အတွက် လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်သူတွေကို ထောက်ပံ့ပေးဖို့ လာမယ့် (၂၃) ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ 

မော်တော်ယာဉ်ကိုယ်ထည်တွေမှာ တပ်ဆင်အသုံးပြု့မယ့် ဘက်ထရီနဲ့ အစားထိုးသုံးစွဲမယ့် ဘက်ထရီ ကုန်ကြမ်းပစ္စည်းတွေနဲ့ မော်ကျူလာ ဘက်ထရီတွေ ထုတ်လုပ်ဖို့အတွက် ထောက်ပံ့ကြေး ပေးမယ့် အစီအစဉ်ကို ယစ်မျိုးဦးစီးဌာနက တင်သွင်းထားတာပါ။ 

ထောက်ပံ့ကြေးပေးမယ့် ပမာဏဟာ ဝပ်အားပမာဏနဲ့ ဘက်ထရီပုံစံတွေပါ်မှာ မူတည်မှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် နာတာဖိုလ် ရန်းဆစ်ပိုလ် ကပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက EV Board အဖြစ်ဆောင်ရွက်တဲ့ ကော်မတီကနေ ယစ်မျိုးဦးစီး ဌာန တင်သွင်းမယ့် အစီအစဉ်တွေကို အတည်ပြုမှာဖြစ်ပြီး နောက်တစ်ရက်မှာ အစိုးရအဖွဲ့ကို ပေးပို့သွားမှာဖြစ်ပြီး ဘက်ထရီထုတ်လုပ်သူတွေကို ပေးအပ်မယ့် ထောက်ပံ့ကြေးတွေကို မကြာခင် ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်တွင်းဘက်ထရီထုတ်လုပ်သူတွေဟာ ၂၀၂၂ ခုနှစ်အစပိုင်းတည်းက အစိုးရဘက်က ပေးအပ်မယ့် ထောက်ပံ့ကြေးတွေကို စောင့်ဆိုင်းနေပေမယ့် ကော်မတီအနေနဲ့ လျှပ်စစ်ကား ထုတ်လုပ်သူတွေဘက်က ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှု အတိုင်းအတာတွေကိုသာ ဦးစားပေးခွင့်ပြုထားတာဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် နတ်တာပိုလ် က ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် မတ်လက ထိုင်းအစိုးရအဖွဲ့ဟာ လျှပ်စစ်ကားတင်သွင်းခွန်ကို ဘတ် (၁၅၀၀၀၀) အထိ လျှော့ချပေးပြီး နိုဝင်ဘာလကုန်ပိုင်းအထိ နည်းပါတဲ့ စျေးနှုန်းနဲ့ လျှပ်စစ်ကားအစီးရေ (၂၉၄၀၀) ကိုတင်သွင်းဖို့ မှတ်ပုံတင်ထားတာပါ။ 

ယစ်မျိုးဦးစီးဌာနအမြဲတမ်းအတွင်းဝန်က ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကား မူဝါဒ ကော်မတီဟာ လက်ရှိအချိန်မှာတော့ လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရေးမှာ (၈) ရာခိုင်နှုန်းနဲ့ ကောက်ခံ နေတဲ့ အခွန်နှုန်းထား လျှော့ချဖို့ ဖြစ်နိုင်ခြေတွေကို လေ့လာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ထိုင်းအစိုးရအဖွဲ့ဘက်ကလည်း ၂၀၃၀ နှစ်ကုန်ပိုင်းအထိ ထိုင်းနိုင်ငံရဲ့ လမ်းမတွေ မှာ ဘက်ထရီပါဝါနဲ့ လျှပ်စစ်ကားအစီရေ ၇ သိန်း အထိ ရှိလာနိုင်ရေးမျှော်မှန်းထားတဲ့အတွက် ထိုင်းနိုင်ငံဟာ အနာဂတ်မှာ ဘက်ထရီနဲ့ဆိုင်တဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကို ထောင်သောင်းနဲ့ချီ ရင်ဆိုင်ရဖို့ ရှိနေတာပါ။ ဒါကြောင့်မို့လို့ ထုတ်လုပ်သူတွေဟာ သဘာဝပတ်ဝန်းကျင်အကျိုးဆက်ကို လျှော့ချနိုင်တဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ နည်းပညာပါဝင်တဲ့ ဘက်ထရီကို ထုတ်နိုင်မယ်ဆိုရင် အခွန်နှုန်း ၁ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ ဒီ ဆောင်ရွက်မှုက ရည်ရွယ်ထားတာပါ” ထိုင်းယစ်မျိုးဦးစီးဌာန အမြဲတမ်းအတွင်းဝန် က ပြောပါတယ်။ 

Ref: The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.