အစ္စလာမာဘတ်၊ ဇန်နဝါရီ(၁၁)
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေစဉ်အတွင် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ဂျီနီဗာကွန်ဖရင့်အပြီး သီးခြား တွေ့ ဆုံမယ်လို့ ဆိုပါတယ်။
IMF ရဲ့ အရင်နှစ် နိုဝင်ဘာလမှာ ထုတ်ပေးမယ့်ဒေါ်လာ ၁.၁ ဘီလီယံကို အခုထိ ထုတ်ပေးဖို့အတည်မပြု သေးတာကြောင့် ပါကစ္စတန်ဟာ နိုင်ငံခြားအရန်ငွေကို သွင်းကုန်မှတဆင့်ကာမိစေဖို့ လုပ်ဆောင်နေရတာပါ။
“IMF ကိုယ်စားလှယ်အဖွဲ့က ထူးခြားတဲ့ကိစ္စရပ်တွေနဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းတွေကို ဆွေးနွေးဖို့အတွက် ဂျီနီဗာညီလာခံအပြီး ဘဏ္ဍာရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံဖို့မျှော်လင့်တယ်” လို့ IMF ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဖွဲ့အစည်းရဲ့ မန်းနေးဂျင်းဒါရိုက်တာဟာ ဝန်ကြီးနဲ့ အပြုသ ဘောဆောင်တဲ့ ဖုန်းခေါ်ဆိုမှုရှိခဲ့ပြီး ရေကြီးမှုဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရသူတွေကို ထပ်ပြီး စာနာကြောင်း ထုတ် ဖော်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ပိုမိုခံနိုင်ရည်ရှိတဲ့ ပြန်လည်ထူထောင်ရေးအတွက် ပါကစ္စတန်ရဲ့ ကြိုးပမ်းမှုတွေ ကို ပံ့ပိုးပေးခဲ့ကြောင်း အဲဒီပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
အခုနှစ်မှာ ကျင်းပမယ့် ဂျီနီဗာညီလာခံဟာ ပြီးခဲ့တဲ့နှစ်ရေကြီးမှုအပြီးမှာ နိုင်ငံတကာအကူအညီတွေ စုဆောင်း နိုင်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် လူပေါင်း ၁၇၀၀ ထက်မနည်းသေဆုံးခဲ့ရပြီး အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ပျက်စီး မှုကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုရှိခဲ့တာပါ။
ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှာတော့ တောင်ပိုင်းပြည်နယ်တစ်ခုမှာ လူပေါင်း ၂၄၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်နေကြဆဲဖြစ်ပြီး လူပေါင်း၈ သန်းခန့်ဟာ ရေလွှမ်းမိုးခံရနိုင်ချေရှိနေတဲ့ ဒေသတွေနဲ့ နီးကပ်စွာနေထိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။
ဘဏ္ဍာရေးဝန်ကြီးကတော့ မကြာသေးမီလများအတွင်းက IMF ကို ဝေဖန်ခဲ့ပြီး ချေးငွေပေးသူဟာ ၂၀၁၉ ခုနှစ်က ဒေါ်လာ ၇ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ပါကစ္စတန်နဲ့ ဆက်ဆံရေးမှာ ပုံမှန်မ ဟုတ်ဘဲ ပြုမူနေတယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
Ref: Aljazeera