Radio Than Lwin Times(9/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/IkhqrZf_Ev0
အစ္စလာမာဘတ်၊ ဇန်နဝါရီ(၁၁) နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေစဉ်အတွင် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ဂျီနီဗာကွန်ဖရင့်အပြီး သီးခြား တွေ့ ဆုံမယ်လို့ ဆိုပါတယ်။ IMF ရဲ့ အရင်နှစ် နိုဝင်ဘာလမှာ ထုတ်ပေးမယ့်ဒေါ်လာ ၁.၁ ဘီလီယံကို အခုထိ ထုတ်ပေးဖို့အတည်မပြု သေးတာကြောင့် ပါကစ္စတန်ဟာ နိုင်ငံခြားအရန်ငွေကို သွင်းကုန်မှတဆင့်ကာမိစေဖို့ လုပ်ဆောင်နေရတာပါ။…
ဘန်ကောက် – ဇန်နဝါရီ(၁၁) ထိုင်းနိုင်ငံ လျှပ်စစ်ကာမူဝါဒ ကော်မတီက နိုင်ငံအတွင်း လျှပ်စစ်ယာဉ်တွေ အစားထိုး သုံးစွဲနိုင်ဖို့ အတွက် လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်သူတွေကို ထောက်ပံ့ပေးဖို့ လာမယ့် (၂၃) ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မော်တော်ယာဉ်ကိုယ်ထည်တွေမှာ တပ်ဆင်အသုံးပြု့မယ့် ဘက်ထရီနဲ့ အစားထိုးသုံးစွဲမယ့် ဘက်ထရီ ကုန်ကြမ်းပစ္စည်းတွေနဲ့ မော်ကျူလာ ဘက်ထရီတွေ ထုတ်လုပ်ဖို့အတွက် ထောက်ပံ့ကြေး…
တိုင်ပေ – ဇန်နဝါရီ(၁၁) တရုတ်နိုင်ငံက ရှုတ်ချခဲ့တဲ့ကြားက ထိုင်ဝမ်ကျွန်းကို လာရောက်လည်ပတ်နေတဲ့ ဂျာမနီ အကြီး တန် လွှတ်တော်အမတ်နဲ့ တွေ့ဆုံချိန်မှာ ဒေသတွင်း အခြေအနေတွေကို ထိန်းသိမ်းရာမှာ အကူ အညီပေးဖို့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် က တောင်းဆိုလိုက်ပါတယ်။ ထိုင်ဝမ် ကို တရုတ်နိုင်ငံက သူတို့ရဲ့ပိုင်နက်အဖြစ် ဆိုထားကာ ပြီးခဲ့တဲ့ နှစ်ဩဂုတ်လက ကျွန်းအနီးမှာ…
ကျိုက်ထို၊ ဇန်နဝါရီ (၁၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရင်းတွေက ရည်ရွယ်ချက်ချက်ရှိ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ (၁) သထုံခရိုင်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂) တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့…
မော်လမြိုင်၊ ဇန်နဝါရီ(၁၁) AAPP ရဲ့ ဇန်နဝါရီ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၉)ရက်အတွင်း ပြည်သူ (၂၇၁၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၁၀၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
ရန်ကုန်၊ ဇန်နဝါရီ(၁၁) စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားရေး ၈ ရာခိုင်နှုန်းနီးပါး ပြန်လည်တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အရင်အစိုးရလက်ထက်က စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုတွေကြောင့် စီးပွားရေး အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဇန်နဝါရီ ၆…
ထားဝယ်၊ ဇန်နဝါရီ(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့သင်္ကန်းတုန်းကျေးရွာအနီး ဘဲမတ်တပ်တောင်တိုက်ပွဲမှာ အဖွဲ့ရဲ့ဗျူဟာမှူးဖထီး ကျဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ဘဲမတ်တပ်တောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ဗျူဟာမှူးအပြင် ဥသြစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းနေတဲ့…
မော်လမြိုင်၊ ဇန်နဝါရီ(၁၁) အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ လုံခြုံရေးအပြည့်နဲ့ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်မရော၊ ကျိုက်ထို၊ မော်လမြိုင်၊ ချောင်းဆုံအပါအဝင် မြို့နယ်တချို့မှာ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ လဝကနဲ့…