2022

အမေရိကန်ရဲ့ NDAA ဥပဒေဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီပြော

ရန်ကုန်၊ ဒီဇင်ဘာ(၂၇) မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သားကာကွယ်ရေးအက်ဥပဒေ NDAA ဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ NDAA ဥပဒေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့အပြင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ…

ပလရဲစခန်းကို ဒေသ PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်

ပလ၊ ဒီဇင်ဘာ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ပလနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၆ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် နေထိုင်နေတဲ့ ပလနယ်မြေရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ ဒေသ PDF…

ရေစကြိုမှာ နှစ်လအတွင်း ဒေသခံနေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ရေစကြို – ဒီဇင်ဘာ(၂၇) မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူပိုင်နေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီတပ်တွေက နှစ်လအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပခုက္ကူ-မန္တလေး အောင်မိုးလမ်းဆုံက စားသောက်ဆိုင်ကြီး(၂) ဆိုင်အပါအဝင် ကျေးရွာ (၁၂) ရွာက နေအိမ် (၁၆၂) လုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ကနေ ဒီဇင်ဘာလ(၂၆) ရက်အတွင်း…

စစ်ကောင်စီရဲ့ ပင်မအရင်းကို တူဖြိုပစ်ရမယ့် အချိန်ရောက်ပြီလို့ NUG ပြော

မော်လမြိုင် – ဒီဇင်ဘာ(၂၇) လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၂၇) ရက်နေ့ မနက်ပိုင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြိမ် (၈၀) မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲတွေ အောင်မြင်ဖို့ အရေးကြီးသလို တော်လှန်ရေး အောင်မြင်ဖို့…

ထားဝယ်အထူးစီးပွားရေးဇုန် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ

ရေဖြူ၊ ဒီဇင်ဘာ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်လုံခြုံရေး ရဲကင်းစခန်း တိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅ ဦးဝန်းကျင်လောက် ထိုင်ချထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်က စစ်ကောင်စီ ရဲကင်းစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လာရောက်တိုက်ခိုက်ခဲ့တာပါ။ ရဲကင်းစခန်းတိုက်ခံရပြီးနောက်…

ရေစကြိုမှာ နှစ်လအတွင်း ဒေသခံနေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ရေစကြို – ဒီဇင်ဘာ(၂၇) မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူပိုင်နေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီတပ်တွေက နှစ်လအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပခုက္ကူ-မန္တလေး အောင်မိုးလမ်းဆုံက စားသောက်ဆိုင်ကြီး(၂) ဆိုင်အပါအဝင် ကျေးရွာ (၁၂) ရွာက နေအိမ် (၁၆၂) လုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ကနေ ဒီဇင်ဘာလ(၂၆) ရက်အတွင်း…

ထိုင်ဝမ်က မဖြစ်မနေ စစ်မှုထမ်းရမယ့်ကာလကို တစ်နှစ်အထိတိုးမြှင့်

ထိုင်ဝမ်၊ ဒီဇင်ဘာ(၂၈) ထိုင်ဝမ်မှာ တရုတ်ရဲ့ရန်လိုနေတဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်မှုထမ်းရမယ့်ကာလကို (၄)လသက်တမ်း ကနေ တစ်နှစ်အထိတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ ဘေဂျင်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံးသိမ်းယူမယ့် အန္တရာယ်တွေကြားမှာရောက်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်လက်ထက်မှာ တရုတ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း ပိုပြင်းထန်လာပြီး ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သလို ဘေဂျင်းကလည်း ထိုင်ဝမ်ကျွန်းကို သိမ်းယူဖို့ အလားတူပြုလုပ်လာမှာကို…

မြောက်ကိုရီးယား ကင်းထောက်ဒရုန်းတွေကို ဆိုးလ်နဲ့ တခြားမြို့တွေအထိ ပစ်လွှတ်ထား

ပြုံယမ်း – ဒီဇင်ဘာ(၂၈) တောင်ကိုရီးယားနိုင်ငံထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က မြောက်ကိုရီးယားပိုင် ဒရုန်းတွေ ဝင်ရောက်ပျံသန်းလာခဲ့တဲ့အတွက် ဂျက်လေယာဉ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံး ပြု ပြီး ပစ်ချဖို့ လုပ်ဆောင်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဒရုန်း(၅) စင်းထဲက တစ်စင်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ် အနီး အထိပျံသန်းလာပြီး နောက်(၄) စင်းကတော့ အနောက်ဘက်ကမ်းရိုးတန်းကို ပျံသန်းသွားတာပါ။ ဒီဖြစ်စဉ်ကို…

အင်ဒိုနီးရှာမှာ ရိုဟင်ဂျာဒုက္ခသည်လှေ ဆိုက်ကပ်လာပြီးနောက် အရေးပေါ် ဆေးဝါးကုသမှုခံယူ နေရ

ဂျကာတာ – ဒီဇင်ဘာ(၂၈) အင်ဒိုနီးရှားနိုင်ငံကို လူ(၂၀၀) နီးပါးတင်ဆောင်လာတဲ့ လှေတစ်စင်း ဒီဇင်ဘာလ(၂၆) ရက်နေ့က ကမ်းကပ်လာပြီးနောက် ဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာ အများစုဟာ မလေးရှာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှည်လျားတဲ့ ပင်လယ်ရေကြောင်း ခရီးနဲ့ သွားရောက်ဖို့ ကြိုးပမ်းနေတာကြောင့် အသက် အန္တရာယ် ကြုံတွေ့နေကြရတာပါ။…