2022

ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲကို တရုတ်က စံချိန်တင်ဗုံးကြဲလေယာဉ်တွေ စေလွှတ်

ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၄) ထိုင်ဝမ်-ဘေဂျင်း ဆက်ဆံရေးယိုယွင်းလာတဲ့ လက္ခဏာတစ်ခုအဖြစ် ထိုင်ဝမ်တင်သွင်းကုန်တွေကို ပိတ်ပင် လိုက်ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာ တရုတ်ဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စံချိန်တင် နျူကလီယားဗုံးကြဲလေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်ကး လေယာဉ် (၂၁) စင်းဟာ ကျွန်းရဲ့ အနောက်တောင် လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ကိုဝင်ရောက်ခဲ့ပြီး အဲဒီလေယာဉ်တွေထဲမှာ နျူဗုံးကြဲလေယာဉ် H-6…

အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၂၆၀၀ ကျော်အထိရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ (၁၄) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးတာကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၃၀၀ ထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၆၀၀ ကျော်ပါဝင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်ပါတယ်။အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဒီဇင်ဘာ ၅ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက်ညီလာခံအပြီး နိုင်ငံရေးကြေညာစာတမ်းမှာ…

ဘီးလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးရုံး ၂ ရုံး ဗုံးခွဲသတိပေးခံရ

ဘီးလင်း၊ ဒီဇင်ဘာ (၁၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာနဲ့ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ နာရီ ည ၉ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့်…

ထိုင်းရွေးကောက်ပွဲမှာ သက်ဆင်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးပါတီအနိုင်ရဖို့ ရေပန်းစားနေ

ဘန်ကောက် – ဒီဇင်ဘာ(၁၄) ထိုင်းနိုင်ငံအတွင်း ကောက်ခံထားတဲ့ စစ်တမ်းတစ်ခုမှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဖီယူ ထိုင်းပါတီနဲ့ သက်ဆင်ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ဟာ လာမယ့်နှစ်အစောပိုင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ စစ်တမ်းကောက်ခံခဲ့တဲ့ လူပေါင်း (၁၃၁၀) ဦးရဲ့ (၇၃) ရာခိုင်နှုန်းဟာ ဖီယူထိုင်းပါတီအပေါ် အမြင့်ဆုံး ယုံကြည်ထားကြပြီး ဒီနှုန်းထားဟာ ရွေးကောက်ပွဲအောင်နိုင်ဖို့ အခွင့်အရေးအများ ဆုံးရှိနေတာဖြစ်တယ်လို့…

နမ့်ဆန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၅၀) ကျော်မီးလောင်ပျက်စီး

နမ့်ဆန် – ဒီဇင်ဘာ(၁၃) တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန် မြို့နယ် ကုန်းသာကျေးရွာထဲက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၅၀) ကျော် မိီးလောင် ပျက်စီးခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်ကနေ့ (၁၂) ရက်နေ့အထိ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး…

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုးလ် – ဒီဇင်ဘာ(၁၄) တောင်ကိုရီးယားက ဂျပန်၊အမေရိကန်တို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုးလ်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်က ပြောခဲ့ပါတယ်။ ကိုရီးယားကျွန်းဆယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်မ်ဂန်းက သူ့ရဲ့ဆွေးနွေးဖက်ဖြစ်တဲ့ အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့…

စစ်တပ်ထောက်တိုင် PTT နဲ့ ဆက်စပ်ထုတ်ကုန်တွေကို ပြည်သူတွေ သပိတ်မှောက်ဖို့ သွေးစွန်း ငွေဖြတ်တောက်ရေးအဖွဲ့တိုက်တွန်း

မော်လမြိုင် – ဒီဇင်ဘာ(၁၃) လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာလုယူထားတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လုပ် နိုင်ဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားငွေရလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ထိုင်နိုင်ငံပိုင် PTT ကုမ္ပဏီ ရဲ့ ထုတ်ကုန် တွေ သပိတ်မှောက်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ နှောင့်နှေးနေတာကြောင့် PTT ထုတ်ကုန်တွေကိုပြည်သူတွေ…

အာဂျင်တီးနားအသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ခရိုအေးရှားနည်းပြ ပြော

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၃) ရက်၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်နေရပေမယ့် ကြောက်ရွံ့နေမှာ မဟုတ်သလို ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ ပွဲအတိုင်း ယှဉ်ပြိုင်သွားမယ်လို့ ခရိုအေးရှာနည်းပြ ဒါလစ်က ပြောဆိုလိုက်ပါတယ်။ ခရိုအေးရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ခရိုအေးရှာနည်းပြ ဒါလစ်ကတော့…

ဒီပဲယင်းမြို့နယ်က နေအိမ် (၁၆၀၀) ကျော်စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

ဒီပဲယင်း – ဒီဇင်ဘာ(၁၃) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ(၁၈) ရွာမှာရှိတဲ့ နေအိမ်(၁၆၀၀) ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂) ရက်နေ့ကစပြီး ဒီပဲယင်းအရှေ့ဘက်ခြမ်းကကျေးရွာတွေကို အင်အား (၁၅၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကြောင်းဝင်ရောက်လာထဲက ပြည်သူတစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာ (၁၀)…