မွန်ပြည်နယ်မှာ နွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာ
မော်လမြိုင်၊ ဒီဇင်ဘာ(၂၀) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတာကြောင့် နွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစု ဓါတ်မြေသြဇာ ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး အပါအဝင် အထွေထွေကုန်ကျစရိတ် အဆတန်မြင့်တက်နေတဲ့ ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တဖက်မှာတော့ နွေစပါးစိုက်ပျိုးနေတဲ့…