2022

ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်တွေမှာ လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်လာ

ကျိုက်ထို၊ ဒီဇင်ဘာ(၂၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်တွေမှာ လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်လာပြီး အထိုင်စစ်ရေး ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလလဆန်းပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲက အထိုင်တပ်တွေမှာ ဟောင်ဝင်ဇာအမြောက်ကြီးတွေ၊ ၁၂၀ မမ ပစ်ခတ်နိုင်တဲ့အမြောက်တွေအပြင် တာဝေးပစ်လက်နက် ကြီးတွေကိုပါ တိုးချဲ့တပ်ဆင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ…

ပလမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထိမှန်ဒဏ်ရာရ

ပလ၊ ဒီဇင်ဘာ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းကစပြီး နှစ်ဖက်တိုက် ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပလမြို့ အမှတ်(၁)နဲ့ အမှတ်(၂)ရပ်ကွက်ဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေစဉ် စစ်ကောင် စီတပ်က လက်နက်ကြီး ၄ လုံး…

မော်လမြိုင်လေဆိပ်ကို နေရာပြောင်းရွှေ့မယ်လို့ စစ်ခေါင်းဆောင် ပြော

မော်လမြိုင်၊ ဒီဇင်ဘာ (၂၂) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လက်ရှိ တည်ရှိနေတဲ့ လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ဖို့ စီမံဆောင် ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ခေါင်ဆောင်က လက်ရှိ မော်လမြိုင်လေယာဉ်ကွင်းဟာ မြို့နဲ့ နီးကပ်နေတာ၊ တက္ကသိုလ်နဲ့နီးကပ် နေတာ ကြောင့် ခေါက်ရေ တိုးချဲ့ပြေးဆွဲဖို့ ကန့်သတ်ချက်ရှိသလို လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့ အတွက်လည်း…

စစ်အာဏာသိမ်း (၆၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၃၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၂) AAPP ရဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၈၉)ရက်အတွင်း ပြည်သူ (၂၆၃၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၇၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ကို ထောင်ဒဏ်သုံးနှစ်စီချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ၂၀၂၁ခုနှစ် ဒီဇင်ဘာ၅ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒထုတ်ဖော်ပွဲသတင်းယူနေရင်း စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို အင်းစိန်ထောင်တွင်းတရားရုံးက ဒီနေ့မှာနိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ စွပ်စွဲပြီး ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။ “ကိုကောင်းအဖေ ကျွန်တော့်ဆီဖုန်းဆက်တာဗျ။ အဲဒီနေ့ကအတူ…

ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ဝေနေတဲ့ မြန်မာ့အလင်းသတင်းစာ ပြည်သူလိမ်နေ (အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတဝိုက်ကPDFများရဲ့ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို…

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

ရေး၊ ဒီဇင်ဘာ (၂၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူ ဇရပ်ကားလမ်းဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၈၆) တပ်ကို လက်နက်ကြီး RPG နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးဘီလူးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်အတွင်းကျရောက်ပေါက်ကွဲခဲ့တာပါ။ စစ်ကောင်စီတပ်ရင်း လက်နက်ကြီးနဲ့…

“သူတို့(စစ်ကောင်စီ) က အကုန်လုံးကို စစ်ရေးပစ်မှတ်ပုံစံသဖွယ် လေကြောင်းကနေ တိုက်ခိုက်နေတယ်။ ပြည်သူတွေအနေနဲ့ ကြိုတင်ကြောက်ဖို့မဟုတ်တောင် ကြိုတင်ပြီးပြင်ဆင်ထားရမယ်”(CDM လေတပ်ဗိုလ်ကြီးဇေသူအောင် နဲ့ ဆက်သွယ်မေးမြန်းချက်။)

အာဏာသိမ်းစစ်တပ်ဟာ အခုနောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ် ဆောင်လာသလို မကြာခဏဆိုသလိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့်စစ်ကောင်စီဘက်က လုပ်လာနိုင်တဲ့ လေကြောင်းစစ်ဆင်ရေး အခြေအနေ၊ တော်လှန်ရေးအင် အားစုတွေအပါအဝင် အရပ်သားတွေအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်ထားသင့်လဲ။ ဒီအခြေအနေနဲ့ ပတ် သက်ပြီး CDM လေတပ်ဗိုလ်ကြီးဇေသူအောင် နဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၅)ရက်နေ့က…