2022

ကရင်နှစ်သစ်ကူးနေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကော့ကရိတ်မှာတိုက်ပွဲဆက်ဖြစ်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၂၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ စစ်ခေါင်းဆောင်က ထပ်မံဖိတ်ခေါ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကရင်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်သံသရာကနေ ရုန်းထွက်ကြဖို့ အချိန်ကျရောက်ပြီလို့ တိုက်တွန်းပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့…

စစ်အာဏာသိမ်း (၆၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၄၀ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၃) AAPP ရဲ့ ဒီဇင်ဘာ (၂၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၀)ရက်အတွင်း ပြည်သူ (၂၆၄၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၈၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီရွေးကောက်ပွဲအတွက် ခြေလှမ်းစ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၃) စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီလို့ လူသိများနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မွန်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲအတွက် ပါတီဝင်စိစစ်တာအပြင် ကြိုတင်ပြင်ဆင်မှုတချို့ စတင်ဆောင်ရွက်နေပြီလို့ ပါတီဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်(၉၀) စီမံချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်အကြောင်း လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ပါတီဝင်အမည်စာရင်း…

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဒီဇင်ဘာ(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီခလရ(၅၆၁)တပ်နဲ့ ဗောဓိကမ်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင် စီတပ်က တိုက်ပွဲမရှိဘဲ ညောင်ပင်ကွင်းနဲ့ ဘန်လောကျေးရွာတွေဘက်ကို လက်နက်ကြီးအချက် ၃၀ ထက်မနည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့…

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ အရွေ့တစ်ခုဖြစ်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်သူတွေပြော

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကနေ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ အရွှေ့တစ်ခုဖြစ်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ဝါရင့်နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့ကနေ ထောက်ခံမဲ ၁၂ မဲနဲ့ တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကြားနေမဲအဖြစ်၊…

ရေးမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ရေး၊ ဒီဇင်ဘာ(၂၃) မွန်ပြည်နယ်၊ ရေးမြို့၊ စစ်ကောင်စီခန့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကို သေနတ်သမားတစ်ဦးက ဆိုင်ကယ်နဲ့လာပြီး အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးကျော်အောင်မှာ ညာဘက်နံကြားနဲ့နောက်ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ…

မြန်မာအတွက် ပိုမိုအားကောင်းတဲ့ လုပ်ဆောင်မှုတွေ မျှော်လင့်တယ်လို့ ဦးကျော်မိုးထွန်းပြော

ဝါရှင်တန် – ဒီဇင်ဘာ(၂၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ ဒီထက်ပိုအားကောင်းတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာဖို့ မျှော်လင့်တယ် လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၂၂) ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်သူမရှိဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးနောက် ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။ ကုလသမဂ္ဂက…

စစ်ရှောင်ဘဝနဲ့ ကရင်နှစ်သစ်ကူးနေ့ ဖြတ်သန်းနေရတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ NUG ဆို

လေးကေကော် – ဒီဇင်ဘာ(၂၂) ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိဘဲ စစ်ဘေးရှောင် ဘဝနဲ့ ဖြတ်သန်းနေရတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဒီဇင်ဘာလာ(၂၂) ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ မှာ NUG ရဲ့ သဝဏ်လွှာမှာဖော်ပြထားတာပါ။ ၂၇၆၂ ကရင်နှစ်မှာ ကရင်လူမျိုးအားလုံး…

ပခုက္ကူမှာ စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခံရလို့ လေးဦးသေဆုံး

ပခုက္ကူ – ဒီဇင်ဘာ(၂၂) မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက (၃) ရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ တွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄၊၁၅၊၁၆ ရက်တွေမှာ ပခုက္ကူမြို့နယ် ကြီးရွာနဲ့ ဘုန်းကန်ရွာကြားမှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဒီဇင်ဘာလ(၁၄)ရက်နေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၂) ဦးသေဆုံး၊(၁)ဦးဒဏ်ရာရရှိ ပြီး ဒီဇင်ဘာလ(၁၅) ရက်နေ့တိုက်ခိုက်မှုမှာတော့…