December 2022

မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမယ်

မော်လမြိုင်၊ ဒီဇင်ဘာ(၂) ၂ နှစ်နီးပါးအကြာ ပြေးဆွဲမှုရပ်နားထားတဲ့ မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့စပြီး တစ်ပတ်နှစ်ကြိမ် ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းဟာ ကိုဗစ်ရောဂါနဲ့အတူ ခရီးသည်ရရှိမှု နည်းပါးခဲ့တဲ့အတွက် ပြေးဆွဲမှုရပ်နားထားတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်းကို တစ်ပတ်လျှင် တနင်္လာနေ့နဲ့ သောကြာနေ့တိုင်းမှာ…

စစ်အာဏာသိမ်း (၆၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၅၃ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂) AAPP ရဲ့ ဒီဇင်ဘာ (၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၉)ရက်အတွင်း ပြည်သူ (၂၅၅၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၈၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်က ရော်ဘာခြံတွေ ပိတ်သိမ်းရမယ့် အခြေအနေနဲ့ကြုံနေရ

မော်လမြိုင်၊ ဒီဇင်ဘာ(၂) စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် မွန်ပြည်နယ်မှာ ရော်ဘာဈေးနှုန်း ဆက်တိုက်ကျဆင်းလာတဲ့အတွက် ရော်ဘာခြံ အများစု ပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရော်ဘာစိုက်တောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရော်ဘာဈေးနှုန်းဟာ စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေ (၆၅) ရာခိုင်နှုန်းကို အလုပ်လုပ်ရက် (၁) ရက်အတွင်း သတ်မှတ်နှုန်းထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြား…

“မသန်စွမ်းသူများ အပြည့်အဝပါဝင်နိုင်သည့် အသွင်ပြောင်းဖြေရှင်းခြင်း” စကားဝိုင်းဆွေးနွေးပွဲ

“မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ” က ၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ (၃) ရက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိမ်းအမှတ်နေ့တွင် “မသန်စွမ်းသူများ အပြည့်အဝပါဝင်နိုင်သည့် အသွင်ပြောင်းဖြေရှင်းခြင်း” ခေါင်းစဥ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Speaker များ အနေဖြင့် ၁။ ဦးအောင်မျိုးမင်း (ပြည်ထောင်စုဝန်ကြီး လူ့အခွင့်အရေးဝန်ကြီးဌာန) ၂။ Hannah Russell (မသန်စွမ်းအရေးလှုပ်ရှားသူ သုတေသီတစ်ဦး)…

နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂၆၀၀ ကျော်အထိ ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ (၂) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ်နိုဝင်ဘာလကုန်အထိ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂၆၀၀ ကျော်အထိ ရှိလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဒီဇင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေထဲမှာ (၂၄၀) ကျော်ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးတွေမှာ ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တယ်လို့…

ရုရှားနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာ စီးပွားရေးနဲ့ စစ်ရေးလိုအပ်ချက်အရ တိုးမြှင့်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ (၂) အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ ရှုတ်ချခြင်းခံရတဲ့ ဘဝတူ ရုရှားနဲ့ မြန်မာတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ စီးပွားရေးနဲ့ စစ်ရေးလိုအပ်ချက်အရ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ တိုးမြှင့်လာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနဲ့ ကြည်းတပ်ဦးစီးချုပ် ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။…

BGF စခန်းပြုပြင်ဖို့ အတင်းအဓမ္မ လာခေါ်သွားတဲ့ဒေသခံ ၄၀ ဦးကို တစ်လကြာတဲ့အထိ ပြန်မလွှတ်သေး

ဘားအံ၊ ဒီဇင်ဘာ(၂) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်း BGF စခန်းပြုပြင်ဖို့ဆိုပြီး အတင်းအဓမ္မ လာရောက်ခေါ်ဆောင်သွားတဲ့ ဒေသခံ ၄၀ ဦးကို တစ်လနီးပါးကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀၁၄) ကရင်နယ်ခြားစောင့်တပ် BGF က ဗိုလ်တင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘုရားကုန်း…

ပေါက်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၅) ဦးသေဆုံး

ပေါက် – ဒီဇင်ဘာ(၁) မကွေးတိုင်း ပေါက်မြို့နယ်မှာ က.ပ.စ(စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ) တွေကို သွယ် တန်းထားတဲ့ ဓာတ်ကြိုးတွေ ပြုပြင်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကတိုက်ခိုက်ခဲ့တဲ့အတွက် (၅) ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ကာကွယ်ရေး တပ်ဖွဲ့က သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀) ရက်နေ့ ညနေပိုင်းက တိုက်ပွဲစတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး (၁) နာရီ…

ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးကို စစ်ကောင်စီ သေဒဏ်ချမှတ်

ရန်ကုန် – ဒီဇင်ဘာ(၁) စစ်ကောင်စီ ထောင်တွင်းတရားရုံးကနေ ဒဂုံတက္ကသိုလ် ကျောင်းသား(၇) ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၃၀) ရက်နေ့ က သေဒဏ်ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကျောင်းသားတွေကို ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးပြီး အခုလို…