December 2022

မော်လမြိုင်မြို့ပေါ်က ရွှေဆိုင်တစ်ဆိုင်မှာ သေနတ်ပြပြီး အနုကြမ်းဝင်စီး

မော်လမြိုင်၊ ဒီဇင်ဘာ (၃) စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် ဈေးအနီးရှိရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့ဒီဇင်ဘာ (၂)ရက်နေ့၊ နေ့လည် (၂)နာရီကျော်လောက်မှာ သေနတ်ပြခြိမ်းခြောက်ပြီး အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အနုကြမ်းဝင်စီးခံရတဲ့ ရွှေဆိုင်ဟာ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး ဆိုင်အတွင်းဝင်ရောက်ပြီးနောက် သေနတ်ထုတ်ပြကာ ငွေကြေးတချို့ကို ယူဆောင်သွားတယ်လို့…

နာမည်ကြီး ဂျာမနီနဲ့ ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂) ဥရောပ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ အုပ်စုအဆင့်မှာ တတိယနေရာသာ ရရှိခဲ့တဲ့အတွက် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကော်စတာရီကာအသင်းကို ၄ ဂိုး ၂ ဂိုး ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပေမယ့် အုပ်စုအတွင်း ပြိုင်ဘက်က ဂျပန်အသင်းက စပိန်အသင်းကို ၂ ဂိုး…

လေယာဉ်ပစ်လက်နက် ထောက်ပံ့ဖို့ နိုင်ငံတကာကို NUG တောင်းဆို

မော်လမြိုင် – ဒီဇင်ဘာ(၂) အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ပြည်သူတွေကို တိုက်ခိုက်နေတဲ့အတွက် လေယာဉ်ပစ် လက်နက်ကူညီပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁) ရက်နေ့က ကျင်းပခဲ့တဲ့ REUTERS Next Leadership Summit နဲ့Global Broadcast မှာ ပြောဆိုခဲ့တာပါ။ စစ်ကောင်စီဟာ ရုရှားတိုက်လေယာဉ်တွေသုံးပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ၊…

ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီKSCC ပြောရေး ဆိုခွင့်ရှိသူ ခူထီးဘူနဲ့ ဆက်သွယ်မေးမြန်းချက်။

ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြားနှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့်ဒေသခံ ၂ သိန်းကျော် နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေ ထိုင်နေရပါတယ်။ ဒါကြောင့် ကယားပြည်နယ်ထဲမှာ နှစ်ဖက်စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။ နယ်မြေစိုးမိုးနိုင်မှု အခြေအနေအပါအဝင် စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီKSCC ပြောရေး ဆိုခွင့်ရှိသူ…

အိုင်အက်စ်ခေါင်းဆောင် သေဆုံးပြီလို့ အမေရိကန်အတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ(၂) ဆီးရီးယားနိုင်ငံ ဒါရာပြည်နယ်အတွင်းက ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတစ်ရပ်မှာ အစ္စလာမ်မစ် စစ်သွေ းကြွခေါင်းဆောင် အယ်လ်ဟာဆန် အယ်လ်ဟာရှီမီကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ်ကပြောကြားခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ အမေရိကန် စစ်ဘက်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်းမရှိဘူးလို့လည်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုထားတာပါ။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက IS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ချန်နယ်မှာ လွှင့်တင်ထားတဲ့ အသံဖိုင်…

မြောက်ကိုရီးယားမှာ နိုင်ငံ့အရေးပြန်လည်သုံးသပ်ဖို့ တွေ့ဆုံမှုတစ်ရပ် ပြုလုပ်မယ်

ပြုံယမ်း – ဒီဇင်ဘာ(၂) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နှစ်မကုန်ခင်မှာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစည်းတွေ ချဲ့ထွင်းတာနဲ့ ပတ်သက်ပြီး အမေရိကန်၊တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး ပိုမို တင်းမာလာတာနဲ့ပတ်သက်ပြီး အဓိက နိုင်ငံရေးညီလာခံ တစ်ခု ခေါ်ဖို့ ရှိနေတယ်လို့ သိရပါ တယ်။ ကင်ဂျုံအန်းဟာ အာဏာာရအလုပ်သမားပါတီရဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ် နိုင်ငံတော်ရဲ့…

မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မလေးရှား ထောက်ခံမှာမဟုတ်

ကွာလာလမ်ပူ – ဒီဇင်ဘာ(၂) မြန်မာအာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြီး ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မလေးရှားအစိုးရက ထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒန်က ပြောခဲ့ပါတယ်။ မလေးရှားဘက်က ငြင်းဆန်တာဟာ စစ်ခေါင်းဆောင် ကတချို့သော ရွေးကောက်ပွဲ ဥပဒေတွေ ကို ဘက်လိုက်ပြီး ပြင်ဆင်ထားသလို သက်ဆိုင်သူအားလုံး အတည်ပြုထားတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုထားတာပါ။ အနာဂတ်ကာလမှာ ပိုမိုတည်ငြိမ်မှုရစေဖို့နဲ့ မြန်မာကို…

ပြည်သူ့နေအိမ်တွေ မီးရှို့တာ PDF မဟုတ်ပါ

အမှန် / အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊ အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူ ထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “PDF များ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်း ပိုမိုများပြား” ဆိုတဲ့…

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် တနင်္သာရီစစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်လာနိုင်

တနင်္သာရီ၊ ဒီဇင်ဘာ (၂) တနင်္သာရီတိုင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီက ကုန်ပစ္စည်းတင်ဆောင်ခွင့်ကို ပိုမိုကန့်သတ်လာတာကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်လာနိုင်တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလအတွင်း တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်ပြီး ဆန်အပါအဝင် စားသောက်ကုန်၊ ဆေးဝါးသယ်ဆောင်ခွင့်ကို ပိုမိုတင်းကျပ်လာတာပါ။ ဆန်သယ်ရာမှာ ပိုင်ရှင်တစ်ဦးကို တစ်အိတ်သာ သယ်ဆောင်ခွင့်ပေးအပ်ထားပြီး ပိုသယ်လာပါက…