December 2022

ကျူးကျော်စစ် အဆုံးသတ်ရင် ပူတင်နဲ့ ဆွေးနွေးမယ်လို့ အမေရိကန် သမ္မတဆို

ဝါရှင်တန် – ဒီဇင်ဘာ(၃) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မာကွန်တို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအတွက် အတူတကွ ရပ်တည်ခဲ့ကြသလို ရုရှားရဲ့ ကျူးကျော်ဝင်ရောက် မှုတွေအဆုံးသတ်ရင် ပူတင်နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စတင်တည်းက မစ္စတာဘိုင်ဒန်ဟာ ရုရှားခေါင်းဆောင်နဲ့ စကားပြောဖို့ ငြင်းဆန်ထားပေမယ့် မစ္စတာ မာကွန်ကတော့ ပူတင်နဲ့…

ဗြိတိန်၊အီတလီတို့နဲ့ ပေါင်းပြီး ဂျပန်က ဂျက်တိုက်လေယာဉ်သစ်ထုတ်လုပ်မယ်

တိုကျို – ဒီဇင်ဘာ(၃) ဗြိတိန်၊အီတလီနဲ့ ဂျပန်တို့ဟာ အဆင့်မြင့်ဂျက်တိုက်လေယာဉ်သစ် ပူးတွဲထုတ်လုပ်ဖို့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းမှာ အခြေခံသဘောတူညီချက်တစ်ရပ်ကြေညာဖို့ရှိတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ ဒီစီမံကိန်းဟာ ဗြိတိန်ကို အာရှမှာ ပိုမိုကြီးမားတဲ့ လုံခြုံရေးအခန်းကဏ္ဍပေးအပ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်အင်အားကို တန်ပြန်ဖို့ ကူညီပေးနိုင်တဲ့ လုံခြုံရေးမိတ်ဖက်အသစ်တွေကို ပေးစွမ်းပြီး ဂျပန် နဲ့ ဗြိတိန်အတွက် လုံခြုံရေးဆိုင်ရာ ပိုမိုနီးကပ်တဲ့…

ရန်ကုန်ကဘားနှစ်ခုကို မြို့ပြပြောက်ကျားအဖွဲ့က တစ်ချိန်းတည်းဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ( ၃) စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရန်ကုန်မြို့ကဘားနှစ်ခုကို ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန် အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ The Red-Xဘားကို မှော်ဘီအခြေစိုက် Gurdians UG၊ GR-1နဲ့…

ပေါ်တူဂီကို အနိုင်ယူပြီး တောင်ကိုရီးယားအသင်း ရှုံးထွက်အဆင့်သို့ တက်ရောက်

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၃) တောင်ကိုရီးယားအသင်းဟာ ပြိုင်ဘက် ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဆွန်ယောင်မင်ရဲ့ တောင်ကိုရီးယားအသင်းဟာ နာကျင်အချိန်မှာ သွင်းနိုင်ခဲ့တဲ့ သွင်းဂိုးကြောင့် ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး အုပ်စုအတွင်း ပြိုင်ဘက် ဥရုဂွေးအသင်းနဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်အသာနဲ့…

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

ရုရှား-မြန်မာနှစ်နိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကာကွယ်ရေး အပါအဝင်စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဗဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ကြဖို့အထိ ဆက်ဆံရေး တိုးမြှင့် လာတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာတော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေးဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှု စာချွန်လွှာရေးထိုးထားတဲ့ အခြေအ နေတွေထိ ရောက်ရှိလာခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံကဘာကြောင့်…

ရေးမြို့နယ်မှာ ကင်းပုန်းဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးနေ

ရေး၊ ဒီဇင်ဘာ (၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာကျေးရွာကြားရှိ ပရာသားတံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ပရာသားတံတားအနီးမှာ လမ်းကင်းအတွက် ကင်းပုန်းဝပ်နေတဲ့ တပ်အင်အား ၁၀ ဦးကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…

စစ်အာဏာသိမ်း (၆၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၅၃ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၃) AAPP ရဲ့ ဒီဇင်ဘာ (၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၀)ရက်အတွင်း ပြည်သူ (၂၅၅၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၁၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

စစ်ကောင်စီက နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်ထားပေမယ့် သေ့ဘောဘိုးဒေသခံ အများစု နေရပ်မပြန်ရဲသေး

သေဘာ့ဘိုး၊ ဒီဇင်ဘာ (၃) အာဏာသိမ်း စစ်ကောင်စီက နယ်မြေတည်ငြိမ်သွားပြီလို့ဆိုကာ နေရပ်ပြန်လာနေထိုင်ကြဖို့ ဖိတ်ခေါ်ထားပေမယ့် သေ့ဘောဘိုးဒေသခံအများစုဟာ လုံခြုံမှု မရှိတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းက သေ့ဘောဘိုးအပါအဝင် ဖလူး၊ ကျောက် ခက်၊ ဝေါ်လေဒေသတစ်ဝိုက်နဲ့ မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၈) ရက်နေ့ကစပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး…

ထမင်းမစားရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၇ ဦး သေဆုံး

ပုလော၊ ဒီဇင်ဘာ (၃) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၇ ဦး သေဆုံးသွားတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်အင်အား ၂၀ လောက် တပ်စွဲထားတဲ့နေရာကို…

ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ တရားဥပဒေနဲ့အညီ ခုခံချေပခွင့်မရဘဲ သေဒဏ်ချမှတ်ခံနေရ

မော်လမြိုင်၊ ဒီဇင်ဘာ (၃) အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တရားဥပဒေနဲ့အညီ ခုခံချေပဖို့ ရှေ့နေ လိုက်ပါခွင့်မရဘဲ စစ်ခုံရုံးတွေမှာ သေဒဏ်အမိန့်တွေ ချမှတ်ခံနေရတယ်လို့ ဥပဒေပညာရှင်တွေနဲ့ အကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ စစ်တပ်အငြိမ်းစားဒုဗိုလ်မှူးကြီး သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ပြီးခဲ့တဲ့…