စစ်ကောင်စီလက်ထက်မှာ မသန်စွမ်းသူတွေ ပိုမိုအကြမ်းဖက်ခံနေရ
မော်လမြိုင်၊ ဒီဇင်ဘာ (၄) မသန်စွမ်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ ကူညီစောင့်ရှောက်မှုတွေ အပြည့်အဝမရတော့သလို အကြမ်းဖက်မှုတွေကိုပါ ပိုမိုကျူးလွန်ခံနေရတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းတွေဟာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ အသက်ရှင်သန်ခွင့် အပါအဝင် အဖက်ဖက်ကနေ အခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးနေရသလို ကူညီမှု စောင့်ရှောက်မှုတွေ ရရှိတော့ခြင်းမရှိပါဘူး။အဲဒီထဲမှာတော့…