December 2022

EAOs တွေရဲ့ မျက်နှာစုံညီအစည်းအဝေး စတင်ချဉ်းကပ်တဲ့အဆင့်သာ ရှိသေးတယ်လို့ PPST ပြော

ရန်ကုန်၊ ဒီဇင်ဘာ(၆) နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးဟာ စတင်ချဉ်းကပ်တဲ့ အဆင့်သာရှိသေးတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၂ ခုနှစ်မကုန်ခင် အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။…

မောင်းမကန်ရဲစခန်းကို ဒေသ PDF ပူးပေါင်းတပ်ဝင်တိုက်

လောင်းလုံး၊ ဒီဇင်ဘာ(၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မောင်းမကန်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့သလို စစ်ကူလာတဲ့…

လှည်းကူးမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေ လမ်းဘေးမှာစွန့်ပစ်ခံထားရ

ရန်ကုန် – ဒီဇင်ဘာ(၅) ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဘားလားကျေးရွာ က တပင်ရွေထီးလမ်းမမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ(၅) ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီဆောင်ရွက်ပေးနေတဲ့ ရိုနေဆန်းလွင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ရိုဟင်ဂျာတွေသေဆုံးတာဟာ အောက်ဆီဂျင်ပြတ်တောက်အသက်ရှုကြပ်ပြီး သေဆုံးတာဖြစ်တယ် လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ရေးသားထားပေမယ့် သေဆုံးသူတွေဟာ ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခံထားရတာဖြစ်တယ်လို့…

စစ်ရှောင်အရေး ကူညီနေသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကယားပြည်နယ်ထဲက စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ဟာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာ၊ ဆေးဝါးအပါ အဝင် ဖြတ်လေးဖြတ် ဖြတ်တောက်ခံရတာ၊ မကြာခဏဆိုသလိုစစ်ရှောင်စခန်းတွေထဲ လက်နက်ကြီး ပစ်ခတ် မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရ တာဖြစ်ပါတယ်။ ဒါကြောင့် ကယားပြည်နယ်ထဲက စစ်ရှောင်တွေအနေနဲ့ လတ်တလောကာလမှဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရလဲ။ ကျန်းမာရေး ပြဿနာတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီရရှိမှု အခြေအနေ ဘယ်လိုတွေ…

ဝင်းရော်ဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အတွက် ရွာလူကြီးတွေ ရိက္ခာပို့ပေးနေရ

မြဝတီ၊ ဒီဇင်ဘာ(၄) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အတွက် ရိက္ခာတွေကို ရွာလူကြီးက ပေးပို့နေရတယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေး လှုပ်ရှားလူငယ်တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသဖြစ်တဲ့ ပုလိန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အဲ့ဒီနောက် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ ဝင်ရောက်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာစဉ်အတွင်း ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေရှိသလို ကျေးရွာတွေအတွင်း…

KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်းတိုက်ပွဲပေါင်း အကြိမ်၁၀၀ကျော်ဖြစ်ပွားခဲ့

ဖာပွန်၊ ဒီဇင်ဘာ (၄) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ စစ်ကောင်စီ ၊ BGF တပ်ဖွဲ့နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား နို ဝင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် (၁၀၀)ကျော် ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ KNU ဖာပွန်ခရိုင်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGFတို့နဲ့ KNLA…

ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးလာ

ကျိုက်ထို၊ ဒီဇင်ဘာ (၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးကျေးရွာကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းမထိုးခင်…

အာဏာသိမ်း ၂၂ လအတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်

ရန်ကုန်၊ ဒီဇင်ဘာ (၄) စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ ရှစ်ကြိမ်အထိ လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းသား ၂၃,၃၀၀…