December 2022

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေ နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်နေ

ဒီမော့ဆို၊ ဒီဇင်ဘာ (၇) ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ပြန်လည်သိမ်းပိုက်ပြီးနောက် အဲဒီနေရာတွေကို အတွဲလိုက်ဒုံးတွေနဲ့ နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲထားတဲ့ ဒီမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က…

စစ်အာဏာသိမ်း (၆၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၆၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၇) AAPP ရဲ့ ဒီဇင်ဘာ (၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၄)ရက်အတွင်း ပြည်သူ (၂၅၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၂၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မော်လမြိုင်လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းနေရာအနီးမှာ စစ်ကောင်စီနဲ့နီးစပ်သူတွေ မြေယာလက်ဦးမှုရယူပြီး အကွက်ရိုက်ရောင်းစားနေ

မော်လမြိုင်၊ ဒီဇင်ဘာ(၇) မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး စစ်ကောင်စီအသစ်တည်ဆောက်မယ့် နိုင်ငံတကာ အဆင့်မီလေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းမြေနေရာအနီးမှာ စစ်ကောင်စီနဲ့နီးစပ်သူတချို့ဟာ မြေယာ လက်ဦးမှုရယူပြီး အကွက်ရိုက်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီကလုပ်ဆောင်မယ့် နိုင်ငံတကာအဆင့်မီလေဆိပ်ဟာ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့ လျာထားသလို အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုတော့ ပင်လယ်ထွက်ပေါက်နဲ့ နီးတဲ့ ဘ လောက်ညောင်းဝိုင်းနဲ့ ဝဲကလိ ကျေးရွာကြားမှာ တည်ဆောက်ဖို့…

ကမြောကင်းတံတား မိုင်းပေါက်ပြီးနောက် ထားဝယ်မြို့အဝင်မှာ အစစ်အဆေးကြမ်းနေ

ထားဝယ်၊ ဒီဇင်ဘာ(၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတားမှာ မိုင်းပေါက်ပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ပြီး ခရီးသွားပြည်သူတစ်ဦ မကျန် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ညက ကမြောကင်းတံတား မိုင်းသတိပေးဆိုင်းဘုတ်အောက်မှာ မိုင်းပေါက်တာနဲ့ မောင်းမကန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်မြို့အဝင်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ…

လျှပ်စစ်မီးပြတ်ချိန် နာရီနဲ့ချီကြာမြင့်လာတဲ့အတွက် ပြည်သူတွေ ပိုမိုဒုက္ခကြုံလာရ

ရန်ကုန်၊ ဒီဇင်ဘာ(၇) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း လျှပ်စစ်မီးပြတ်ချိန် နာရီနဲ့ချီကြာမြင့်လာတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ မြို့နယ်တွေကတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအလိုက် သုံးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာတော့ လျှပ်စစ်မီးပေးချိန် မှန်ကန်မှုမရှိတော့သလို လျှပ်စစ်မီး…

မွန်ဝန်ကြီးချုပ် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံရ ၊ စုစုပေါင်း ထောင်ဒဏ်၂၇ နှစ်အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၇) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားတဲ့ ရွေး ကောက်ပွဲ မလျော်သြဇာမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ…

တော်လှန်ရေးမှာ အသက်ပေးတိုက်ပွဲဝင်ခဲ့သူတွေရဲ့ မိသားစုတွေအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးမယ်လို့ NUG ပြော

မော်လမြိုင် – ဒီဇင်ဘာ(၆) စစ်အာဏာရှင်ချေမှုန်းသုတ်သင်ဖို့အတွက် တော်လှန်ရေးမှာ အသက်ပေးပြီး ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် ခဲ့တဲ့ သူရဲ ကောင်း အာဇာနည်တွေရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရား မျှတမှုရရှိရေး အဓိကထားဆောင်ရွက်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ (၇၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “တော်လှန်ရေးမှာ…

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် NUG ကြေညာ

မော်လမြိုင် – ဒီဇင်ဘာ(၆) စစ်တပ်ပိုင် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုက အကြမ်းဖက်အုပ်စုအဖြစ် ဒီနေ့ ဒီဇင်ဘာလ(၆) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က စစ်အုပ်စု သက်ဆိုးရှည် စေဖို့အတွက် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး နှစ်စဉ် ဘဏ္ဍာရန်ပုံငွေ များစွာကို ရှာဖွေထောက်ပံ့နေတာ…

ဘရာဇီးလ်အသင်းကို ရှုံးနိမ့်ပြီးနောက် တောင်ကိုရီးယား နည်းပြ ရာထူးကနေ နှုတ်ထွက်

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၆)ရက် တောင်ကိုရီးယားနည်းပြ ဖြစ်သူ ပေါ်လိုဘန်တိုဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ဘရာဇီးလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရာထူးကနေ နှုတ်ထွက်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီလူမျိုး နည်းပြ ပေါ်လိုဘန်တိုဟာ တောင်ကိုရီးယားအသင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ စတင် ကိုင်တွယ်ခဲ့တာ…