December 2022

စစ်အာဏာသိမ်း (၆၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၆၆ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၀) AAPP ရဲ့ ဒီဇင်ဘာ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၇)ရက်အတွင်း ပြည်သူ (၂၅၆၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၉) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီနဲ့တွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုးပမ်းတာလို့ အပစ်ရပ် ၇ ဖွဲ့ ပြော

ရန်ကုန်၊ ဒီဇင်ဘာ (၁၀) အာဏာသိမ်းစစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုဖြစ်တယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ EAOs ၇ ဖွဲ့ဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေ းနွေးပွဲကို ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးထားကြတဲ့ အဖွဲ့တွေဖြစ်ပြီး…

တနင်္သာရီတိုင်းမှာ အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးမှု ၃၂၀ နီးပါးထိရှိလာ

တနင်္သာရီ၊ ဒီဇင်ဘာ (၁၀) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ်နိုဝင်ဘာလကုန်ထိ ၂၂ လတာကာလအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးသူ ၃၁၇ ဦးထိ ရှိလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အရပ်သားသေဆုံးမှုအရ လောင်းလုံးမြို့နယ်မှာ ၈၉ ဦး၊ ရေဖြူမြို့နယ်မှာ ၅၈…

မွန်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေ ဆက်လက်ရပ်တည်ဖို့ ပိုမိုခက်ခဲလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၀) မွန်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလှူငွေရရှိမှု နည်းပါးလာတာ၊ စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက်လက်ရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းစဉ်တွေအကောင်အထည် ဖော်ရာမှာ စောင့်ကြည့်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်း ခံရတာ၊ အကူအညီတွေပေးဆောင်ရာမှာလည်း စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက်…

ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေအပေါ် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေအပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာနဲ့ ကျုံဒိုးမြို့ ဖားကျကျေးရွာ၊ တောင်ကြာအင်းကျေးရွာတွေထဲကို တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ…

လိင်အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်ရုံးနဲ့ တပ်မ (၂) ခုကို ယူကေအစိုးရ ပိတ်ဆို့အရေးယူ

ရန်ကုန် – ဒီဇင်ဘာ(၉) ယူကေအစိုးရကစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်ရုံး၊စစ်ကောင်စီတပ်မ (၃၃) နဲ့ တပ်မ(၉၉) တို့ကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့မှာ ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး အနေနဲ့ စစ်ကြောရေးလုပ်ချိန်မှာ မုဒိန်းမှု၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုတွေကို အဓိက ကျူးလွန်သူတွေ ဖြစ်တယ်လို့…

PDF တွေကို စိန်ခေါ်နေတဲ့ ပလရဲစခန်း တိုက်ခိုက်ခံရ

ပုလော – ဒီဇင်ဘာ(၉) တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီစစ်ဆင်ရေးကို မြိတ်ခရိုင်တပ်ရင်း(၁)၊ အရိပ် ပြောက်ကျားတပ်ဖွဲ့(ပ.က.ဖ) တို့က ပူးပေါင်းပြီး စစ်တပ်၊ရဲနဲ့ ပျူစောထီးအင်အား (၃၀) ကျော်ရှိတဲ့ ပလရဲစခန်းကို…

လက်နက်ကိုင်တပ်တွေ ရပ်တည်ဖို့ ရန်ပုံငွေထောက်ပံ့မှုအပိုင်းက အရေးကြီးတယ်လို့ NUG ဆို

မော်လမြိုင် – ဒီဇင်ဘာ(၉) အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်နိုင်ရေးမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ ပ.က.ဖ၊PDF နဲ့ LPDF တွေ ရပ်တည်နိုင်ဖို့အတွက် ရန်ပုံငွေထောက်ပံ့မှုအပိုင်းက အရေးကြီး တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၄၀/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုနဲ့…

တောင်ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းအသစ်ကြောင့် နိုင်ငံသားအားလုံး အသက်တစ်နှစ်ခန့် ငယ်ရွယ်လာ

ဆိုးလ်၊ ဒီဇင်ဘာ (၁၀) တောင်ကိုရီးယားဟာ ကျင့်သုံးနေတဲ့ ရိုးရာအသက်ရေတွက်နည်းကို ဖျက်သိမ်းကာ နိုင်ငံတကာစံနှုန်းနဲ့အညီ အသက်ကန့်သတ်ချက် ဥပဒေတွေကို အတည်ပြုခဲ့လို့ နိုင်ငံသားတွေအားလုံး ရှိရင်းစွဲအသက်အရွယ်ကနေ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ခန့်အထိ ငယ်ရွယ်သွားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေဟာ မွေးဖွားချိန်မှာ အသက်တစ်နှစ်လို့ စတင်ရေတွက်လေ့ရှိပြီး ဇန်နဝါရီလ ၁ ရက်နေ့ရောက်တိုင်း တစ်နှစ်ကို ပေါင်းထည့်ကြတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါင်းထည့်လိုက်တာဟာ နေ့စဉ်…

အင်ဒိုနီးရှားဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးရာထူးတွေကို နိုင်ငံရေးသမားဟောင်းတွေ ဝင်ရောက် ရွေးချယ်ခွင့်ပြုမယ်

ဂျကာတာ – ဒီဇင်ဘာ(၁၀) အင်ဒိုနီးရှားပါလီမန်နဲ့ အစိုးရအဖွဲ့က နိုင်ငံရေးသမားဟောင်းတွေကို ဗဟိုဘဏ် အုပ်ချုပ်သူ အဖြစ်ပါဝင်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ စာတမ်းတစ်ခုကို ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အသစ်မှာ ထည့်သွင်းနိုင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပါလီမန်နဲ့ အစိုးရတို့က ဒီဇင်ဘာလ(၈) ရက်နေ့ နှောင်းပိုင်းမှာ ဥပဒေကြမ်းရဲ့ နောက်ဆုံးမူကြမ်း ကို အတည်ပြုထားပြီး လာမယ့်…