December 2022

တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံပြည်သူတွေ ပထမဆုံးအကြိမ်တွေ့ဆုံ

တနင်္သာရီ၊ ဒီဇင်ဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဒေသခံပြည်သူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) က သတင်းထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်တပ်ရင်း(၂)ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ တနင်္သာရီမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကို ကွင်းဆင်းပြီး ဒေသခံပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာတော့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့…

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ အခက်အခဲမျိုးစုံရင်ဆိုင်နေရ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၆) ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေပြီး တရားဝင်နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်အကိုင်ရရှိဖို့ အင်မတန်အလှမ်းဝေးနေသလို ပုန်းခိုနေထိုင်နေရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပြီးခဲ့တဲ့ ဩဂုတ်လ(၁)ရက်ကနေ (၁၅)ရက်အတွင်း ထိုင်းအစိုးရက ပန်းရောင်ကတ်ဆိုတဲ့ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ်ကို ခွင့်ပြုပေးခဲ့တာပါ။ အဲဒီ…

ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေ

ဘီးလင်း၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ညောက်ထောက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ…

ချေးငွေပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကိုအရေးယူဖို့ စစ်ကောင်စီ လျှို့ဝှက်ညွန်ကြားလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁၆) မွန်ပြည်နယ်မှာ ကိုဗစ်ချေးငွေပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို အရေးယူဖို့ စစ်ကောင်စီက လက် အောက်ခံဌာနဆိုင်ရာတွေကို ဒီဇင်ဘာပထမအပတ်အတွင်း နှုတ်နဲ့လျှို့ဝှက်ညွန်ကြားလာတာတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ထဲမှာတော့ CDM ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ချေးငွေတွေကို မဖြစ်မနေ ပြန်လည်ပေးဆပ်ခိုင်းဖို့နဲ့ ပြန်လည်ပေးဆပ်ခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဥပဒေနဲ့ အရေးယူနိုင်ဖို့ကိုလည်း ညွန်ကြားလာတာ ဖြစ်ပါတယ်။…

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ပြန်လည်ဖွဲ့စည်းမယ်

ကယား၊ ဒီဇင်ဘာ (၁၆) ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ကို လာမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ညီလာခံခေါ်ယူပြီး ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ကောင်စီပြောခွင့်ရ ခူးထဲဘူးက သံလွင်တိုင်မ်းကို ပြောပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဟာ ကရင်နီပြည်နယ်အတွင်း အုပ် ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကိုပါ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ လာမယ့်ညီလာခံမှာတော့ အရင်ကချမှတ်ထားတဲ့ ကြားကာလအစီအမံတွေကို ပိုမိုအကောင်အထည် ဖော်နိုင်ဖို့အတွက် တော်လှန်ရေးမှာ…

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN)တာဝန်ရှိသူဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာအလုပ်အကိုင် အခွင့် အလမ်း ရှားပါးလာတာကြောင့် ထိုင်းနိုင်ငံထဲကိုတရားဝင်လမ်းကြောင်းအပြင် တရားမဝင် လမ်းကြောင်းတွေ ကပါ နေ့စဉ်နဲ့အမျှဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေ ကနေဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ လက်ရှိက ာလမှာ ဘယ်လို အခက်အခဲတွေရင်ဆိုင်နေ ရလဲ။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အပါအဝင် ထိုင်းအစိုးရရဲ့ပန်းရောင်ကဒ်ထုတ်ပေးမှုကရော ဘယ်လို အခြေအနေတွေ ဆက်ရှိနေလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး…

ယူကရိန်းကို ပက်ထရွိုက်လေကြောင်းကာကွယ်ရေးစနစ် မစ်ဇိုင်းဒုံးတွေပေးပို့ဖို့ အမေရိကန်စီစဉ်

ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅) ယူကရိန်းကို ပက်ထရွိုက်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေပေးဖို့ အမေရိကန်ကစီစဉ်နေပြီး သမ္မတ ဂျိုးဘိုင်ဒင်က အခုသီတင်းပတ်အတွင်း အဲဒီအစီအစဉ်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ အရပ်သားအမြောက်အများသေဆုံးစေပြီး အဓိကကျတဲ့ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ယူကရိန်းဟာ အချိန်အတော်ကြာအောင် လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့ကို တောင်းဆိုနေခဲ့တာပါ။ ပက်ထရွိုက်ဟာ အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထဲကတစ်ခုဖြစ်ပြီး ယူကရိန်းအတွက် ဘယ်ရွေ့၊…

တရုတ်မှာ စျေးအလုအယက် ဝယ်တာတွေလျော့ကျစေဖို့ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့

ပေကျင်း – ဒီဇင်ဘာ(၁၆) ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အလုအယက်စျေးဝယ်ယူမှုတွေ ကြုံတွေလာရတဲ့ တရုတ် အာဏာပိုင်တွေက ဒီဇင်ဘာလပထမအပတ်ထဲမှာပဲ ကိုဗစ် မူဝါဒတွေကို ဖြေလျှော့ပေးလိုက် တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။ အစိုးရ ကိုဗစ်ကြေညာမှုသတင်းတွေကြောင့် လူအများစုဟာ ibuprofen အပါအဝင် အအေးမိ တုပ်ကွေးဆိုင်ရာ ဆေးဝါးတွေနဲ့ ကိုဗစ် စစ်ဆေးတဲ့ ကိရိယာတွေကို အလျင်စလိုဝယ်ယူနေကြ တာပါ။ ကိုဗစ်ကြောင့် ပစ္စည်းတွေ…

မြန်မာစစ်ကောင်စီနဲ့ တာလီဘန်အစိုးရကို ကုလသမဂ္ဂမှာ သံတမန်စေလွှတ်ခွင့်မပြု

နယူးယောက် – ဒီဇင်ဘာ(၁၆) မြန်မာစစ်ကောင်စီနဲ့တာလီဘန် အစိုးရကို ကုလသမဂ္ဂ ကိုယ်စားလှယ်စေလွှတ်နိုင်ဖို့ ဆုံးဖြတ် ချက်ကို ဒုတိယအကြိမ်အဖြစ် ရွှေ့ဆိုင်းလိုက်ပေမယ့် လာမယ့် ကိုးလအတွင်း ပြန်လည်စဉ်းစား ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီရဲ့ အစီရင်စာမှာဖော်ပြထားပါတယ်။ အဖွဲ့ဝင်(၁၉၃) ဦးပါ ကုလသမဂ္ဂ အထွေထွေညီလာခံဟာ လစ်ဗျာရဲ့ ကိုယ်စားပြုနေရာအတွက် တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားမယ့် အစီရင်ခံစာကို ဒီဇင်ဘာလ (၁၆)…