December 24, 2022

ကော့ကရိတ်တိုက်ပွဲ စစ်ရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၂၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ကော့ကရိတ်ဒေသခံတွေထံကနေ သိရပါတယ်။ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာ…

သရက်ချောင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးထားလို့ ဒေသခံတွေလုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရ

သရက်ချောင်း၊ ဒီဇင်ဘာ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲက ပဲဒက်၊ တောင်ပျောက်၊ ဥတ္တူကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ တတိယအပတ်ကစပြီး လက်ရှိအချိန်ထိ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး စစ်ရေးဝင်ရောက် လှုပ်ရှားနေတာပါ။ စစ်ကြောင်းထိုးလားထာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့…

စစ်အာဏာသိမ်း (၆၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၄၁ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၄) AAPP ရဲ့ ဒီဇင်ဘာ (၂၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၁)ရက်အတွင်း ပြည်သူ (၂၆၄၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၉၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ထိုင်းဦးဆောင်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ရလဒ်မထွက်

ရန်ကုန်၊ ဒီဇင်ဘာ(၂၄) စစ်ကောင်စီကို ဖိတ်ခေါ်ပြီး ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေး နွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေအတွက် ပြေလည်စေမယ့် ရလဒ်ထွက်မှာမဟုတ်ဘူးလို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ…

လောင်းလုံးမှာ ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

လောင်းလုံး၊ ဒီဇင်ဘာ (၂၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့၊(ဃ)နဲ့(ဂ)ရပ်ကွက်တွေမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေမှာဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၈ နာရီအချိန်လောက်က စစ်ကောင်စီတပ်၊ ရဲနဲ့ပျူစောထီးအဖွဲ့ အင်အား ၃၀ လောက်ပါတဲ့ အဖွဲ့က ဒေသခံ ၆…

မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းထပ်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၄) ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှတဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ပြီးခဲ့တဲ့အ ပတ်ကစပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်ထဲမှာ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ပြန်လည် မြင့်တက်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့တာ၊…

ဖယ်ခုံက လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီထောင်သုံးနှစ်ချမှတ်

ဖယ်ခုံ – ဒီဇင်ဘာ(၂၄) ကယားပြည်နယ် ဖယ်ခုံမြို့နယ် ရွေပြည်အေးရွာက ဒေသခံ(၁၈) ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး တစ်နှစ်အကြာမှာ ထောင်(၃) နှစ်စီချမှတ်လိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်း လမ်းမကြီးဘေးက ရွှေပြည်အေးရွာအနီးမှာ ဒေသကာ ကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှာ စစ်ကောင်စီက…

ကျောက်မြောင်း နိဂြောဓလမ်းပွဲစျေးမှာ ပေါက်ကွဲမှုဖြစ်ပြီး (၂) ဦးထိမှန်ဒဏ်ရာရ

ရန်ကုန် – ဒီဇင်ဘာ(၂၃) ရန်ကုန်တိုင်း တာမွေမြို့နယ်နိဂြောဓလမ်းပွဲစျေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး (၂) ဦးထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဒီဇင်ဘာလ(၂၃) ရက်နေ့ ည(၈) နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ “လူ(၂)ယောက်ထိသွားတယ်။ မျက်စေ့ရှေ့တင်ဖြစ်သွားတာ သေတော့မသေဘူး” လို့ မျက်မြင်တွေ့သူ တစ်ဦးက…

“မြန်မာနိုင်ငံမှာတော့ ဒီစစ်တပ်နဲ့တော့ ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မဖြစ်နိုင်တော့ဘူး။ ဒီစစ်တပ် နိဂုံးချုပ်မှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးရမယ်လို့ မြင်ပါတယ်”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ ဗဟိုဦးဆောင် ကော်မတီဝင် ရဲဘော် ဆလိုင်းယော အောင်နဲ့ ဆက်သွယ်မေးမြန်းချက်။ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပေမယ့်နှစ်ကုန်အချိန်မှာတော့ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခ တွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဒါကြောင့်စစ်ကောင်စီဘက်က ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့NCA…