ပခုက္ကူ – ဒီဇင်ဘာ(၂၂)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက (၃) ရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ တွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄၊၁၅၊၁၆ ရက်တွေမှာ ပခုက္ကူမြို့နယ် ကြီးရွာနဲ့ ဘုန်းကန်ရွာကြားမှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ဒီဇင်ဘာလ(၁၄)ရက်နေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၂) ဦးသေဆုံး၊(၁)ဦးဒဏ်ရာရရှိ ပြီး ဒီဇင်ဘာလ(၁၅) ရက်နေ့တိုက်ခိုက်မှုမှာတော့ (၂) ဦးသေဆုံးကာ ၊ဒီဇင်ဘာလ(၁၆) ရက်နေ့ တိုက်ခိုက်မှုမှာတော့ မိုင်းချို့ယွင်းခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁) ဦးဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၈) ရက်နေ့က ကျဆုံး ခဲ့ရတဲ့ ဒေါင်းစစ်သည် အဖွဲ့က ရဲဘော် ဗိုက်ခလေး၊ရဲဘော်ဂျော်ကာနဲ့ ရဲမေ မစမိုင်းတို့အတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Shwe Nyar Myae PDF (PKU)၊Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် (PKU)၊ဒေါင်းစစ်သည်(PKU)၊Southern YSO (PDF)၊Urban Underground Revolution Force(UURF) နဲ့ King Cobra PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.