ပလ၊ ဒီဇင်ဘာ(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းကစပြီး နှစ်ဖက်တိုက် ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပလမြို့ အမှတ်(၁)နဲ့ အမှတ်(၂)ရပ်ကွက်ဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေစဉ် စစ်ကောင် စီတပ်က လက်နက်ကြီး ၄ လုံး စတင်ပစ်ခတ်ရာကနေ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အမှတ်(၁)နဲ့(၂) ရပ် ကွက်တို့ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တဲ့လူနာတွေကို ပုလောဆေးရုံသို့ ပို့ဆောင်စဉ် ၂ ဦးသေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပလမြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေရပြီး ဒေသခံပြည်သူတချို့ကလည်း တိုက်ပွဲအတွင်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရသလို တိုက်ပွဲအခြေအနေ အသေး စိတ်ကိုလည်း မသိရသေးပါဘူး။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့တုန်းကလည်း ပလရဲစခန်းနဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် က လာရောက်တိုက်ခိုက်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.