မန္တလေး – ဒီဇင်ဘာ(၂၀)
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က မောသစ်ရွှေဆိုင်ပိုင်ရှင်ဟာဒီနေ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ မနက် အစောပိုင်းက ဓားပြတိုက်လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ အိမ်ကနေ ဆိုင်ဖွင့်ဖို့သွားနေချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက ရွှေထည်တွေထည့်ယူ လာတဲ့ ခြင်းတောင်းကို လုယူသွားပါ။
လက်ရှိအချိန်မှာတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က စစ်ဆေးမှု တွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လုယက်ခံလိုက်ရတဲ့ နေရာအနီးက CCTV ကင်မရာတွေကိုလည်း စစ်ဆေးနေတယ်လို့ သူက ပြောပါသေးတယ်။
မောသစ်ရွှေဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းပြသာစည်မြို့နယ်တို့မှာ ဆိုင်ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဒီနေ့ ဓားပြတိုက် လုယက်ခံလိုက်ရချိန်မှာ ရွှေထည်ဘယ်လောက်ပါသွားတယ်ဆိုတာ သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ နဲ့ လူသတ်မှုတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံရဲတွေဟာ လုံခြုံရေးအပြည့်အဝ မယူနိုင် တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ