မော်လမြိုင်၊ ဒီဇင်ဘာ(၁၈)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီက အလင်းဖွင့်စီမံချက်လို့ဆိုပြီး လမ်းနယ်နမိတ်နဲ့ ပလက် ဖောင်းပေါ် ကျူးကျော်နေတဲ့အဆောက်အဦး၊ အမိုးအဖီ၊ ဆိုင်းဘုတ်နဲ့ ဆိုင်ခန်းပစ္စည်းတွေကို ၃ ရက်အတွင်းဖယ်ရှားဖို့ အမိန်ထုတ်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ စည်ပင်သာယာရေးအဖွဲ့က လမ်းနယ်နမိတ်နဲ့ ပလက်ဖောင်းပေါ်ကျူးကျော်နေတဲ့ အ ဆောက်အဦးတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အပြီးဖယ်ရှား ရှင်းလင်းဖို့ အမိန့်ထုတ်ထားတာပါ။

အပြီးပိုင်ရှင်းလင်းဖယ်ရှားခြင်း မပြုဘဲပျက်ကွက်ပါက ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီစည်ပင်သာယာရေးအဖွဲ့က ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။

မြို့ခံတွေကတော့ စစ်ကောင်စီဘက်က အချိန်တိုအတွင်းဖယ်ရှားပေးဖို့ ဖိအားပေးလာတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသလို ဆုံးရှုံးနစ်နာမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီစည်ပင်သာယာရေးအဖွဲ့ဟာ အလင်းဖွင့် စီမံချက်အရလို့ဆိုပြီး လမ်းအ တွင်း အရိပ်ကျရောက်တဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေပါမကျန် ခုတ်ထွင်ရှင်းလင်းတာတွေ၊ အကိုင်းအလက်ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီက လမ်းပေါ် ကျရောက်တဲ့ သစ်ပင်နဲ့ အကိုင်းအခက်တွေ ခုတ်ထွင်းရှင်းလင်းစဉ် လျှပ်စစ် မီးကြိုးတွေနဲ့ အင်တာနက် Wifi ကြိုးတချို့ ပြတ်တောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.