မနီလာ၊ ဒီဇင်ဘာ(၁၈)

ကမ္ဘာ့အရှည်ကြာဆုံး မော်ဝါဒီသူပုန်ထမှုစတင်ခဲ့တဲ့ ဂျို့စ်မာရီယာစီဆွန်ဟာ  အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဖိလစ်ပိုင်ကွန်မြူနစ်ပါတီက ဒီဇင်ဘာ(၁၇)ရက်နေ့ စနေနေ့မှာ ကြေညာခဲ့ပါတယ်။

တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဆီဆွန်ဟာ ၁၉၈၇ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်သွားခဲ့တဲ့ ၁၉၈၇ ခုနှစ်ကတည်းက နိုင်ငံကနေ စွန့်ခွာခဲ့သွားခဲ့ရပြီး နယ်သာလန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“ဆီဆွန်ဟာ Utrecht ယူထရက်က ဆေးရုံမှာ နှစ်ပတ်ကြာတက်ရောက်ပြီးတဲ့နောက် ညနေ ၈ နာရီ ၄၀ ဝန်းကျင်မှာ သေဆုံးသွားခဲ့တာပါ” လို့ ပါတီကကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာဆီဆွန်ဟာ အစိုးရကို ဖြုတ်ချပြီး မော်စီတုန်းပုံစံ ကွန်မြူနစ်အစိုးရကို ထူထောင်ဖို့ မျှော်လင့်ထားသူဖြစ်ပါတယ်။ဒါ့အပြင်  “အမေရိကန်နယ်ချဲ့ဝါဒ” ကို အဆုံးသတ်စေမယ်လို့လည်း ခံယူထားတာပါ။

၁၉၆၉ ခုနှစ်မှာ စတင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုမှ ကြီး ထွားလာပြီး ၁၉၇၂-၁၉၈၆ ခုနှစ်အတောအတွင်း ဖာဒီနန်မားကို့စ် ကိုယ်တိုင်ဟာလည်း အဲဒီတော်လှန်ပုန် ကန်မှုမှတဆင့် အကျိုးအမြတ်ရရှိခဲ့တာပါ။

ဖာဒီနန်မားကို့စ်လက်ထက်မှာ ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းလိုက်သလို လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုလည်း ပိတ်ပင်ခဲ့ပြီး ထောင်နဲ့ချီတဲ့ အတိုက်အခံတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း အထွတ်အထိပ်ရောက်ချိန်မှာတော့ အဲဒီအဖွဲ့ဟာ တိုက်ခိုက်ရေးသမား ၂၆,၀၀၀ ခန့်ကို ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ အဲဒီအရေအတွက်ကနေ အခုအခါမှာတော့ ထောင်ဂဏန်းအထိ လျော့နည်းသွားပြီလို့  စစ်တပ်ကပြောကြားခဲ့တာပါ။

၁၉၈၆ ခုနှစ်မှစပြီး ဖိလစ်ပိုင်အစိုးရအဆက်ဆက်ဟာ သူတို့ရဲ့နယ်သာလန်အခြေစိုက် နိုင်ငံရေးလက်ရုံးဖြစ်တဲ့ NDF မှတဆင့် ကွန်မြူနစ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ပုန်ကန်တဲ့နိုင်ငံရေးအင်အားစုတွေ လျော့နည်းလာချိန်မှာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ သမ္မတဟောင်း ရိုဒီရီဂိုဒူတာတေးနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့ကြတာပါ။

တော်လှန်ပုန်ကန်မှုအဆုံးသတ်ရေးမျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း မစ္စတာ ဒူတာတေးက သူတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်အတွင်းမှာပဲ ဆွေးနွေးနိုင်တဲ့လမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့ပြီး ရဲတွေ၊ စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခံခဲ့ရပါတယ်။
Ref;Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.