ဘန်ကောက် – ဒီဇင်ဘာ(၁၈)
နှလုံးရောဂါအခြေအနေကြုံတွေ့ ခဲ့ရတဲ့ ဘုရင် မဟာဗီဂျာရာလောင် ကွန်းရဲ့ အကြီးဆုံးသမီး လျင်မြန်စွာ ကောင်းမွန်နိုင်ဖို့အတွက် ဆုတောင်းဖို့ ထိုင်းဝန်ကြီးချုပ် အပါအဝင် အကြီးတန်း ခေါင်းဆောင်တွေနဲ့ ဆုတောင်းသူတွေဆေးရုံကို ရောက်ရှိခဲ့ကြပါတယ်။
အသက်(၄၄) နှစ်အရွယ် မင်းသမီး ဘာဂျရာကိတိတိရာပ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ရတ်ချာ ဆီမာ ခရိုင်ဒေသန္တရ ကို ရောက်ရှိချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မေ့မျောသွားခဲ့ပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကို ကနဦး ကုသမှုတွေ ပြုလုပ်ပေးပြီးနောက် ချူလာလောင်ကွန် ဆေးရုံ ကို ရဟတ်ယာဉန်နဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့တယ်လို့ နန်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာနဲ့ အကြီးတန်းအရာရှိတွေ၊နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးခေါင်း ဆောင်တွေဟာ ထိုင်းအိမ်ရှေ့မင်းသမီးနဲ့ ဆက်စပ်မှုရှိတဲ့ လိမ္မော်ရောင်ပါဝင်တဲ့ ပန်းတွေကို ယူဆောင်ပြီး ချူလာလောင်ကွန်းဆေးရုံကို သွားရောက်လည်ပတ်ကာ အမြန်ဆုံး ပြန်လည် ကောင်းမွန်ဖို့အတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာအဓိပတိကလည်း အိမ်ရှေ့မင်းသမီး အမြန်ဆုံးပြန်လည် ကောင်းမွန်ဖို့ အတွက် ပြည်တွင်းနဲ့ ပြည်ပက ထိုင်းဘုန်းကြီးကျောင်းတွေကို အထူးဝတ်ပြုဆုတောင်းတာကို နေ့စဉ်ကျင်းပဖို့ တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာရေးရာရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်ရှေ့မင်းသမီးဟာ ဘုရင် ဗီဂျရာလောင်ကွန်ရဲ့ (၃) ဦးမြောက်သမီးဖြစ်ပြီး တရားဝင်ဘွဲ့လည်း ရရှိထားကာ အဲဒီဘွဲ့ဟာ ထိုင်းနိုင်ငံရဲ့ ၁၉၂၄ နန်းမွေဆက်ခံတာနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ထီးနန်းရယူပိုင်ခွင့်ရှိသူဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တည်းက နန်းတက်လာခဲ့တဲ့ (၁၀) ဆက်မြောက်ဘုရင်က သူ့ရဲ့ နေရာကို နန်းမွေ ဆက်ခံဖို့ အခုချိန်ထိ တရားဝင်ကြေငြာထားတာမရှိသေးတဲ့အပြင် အိမ်ရှေ့မင်းသမီး ဘာဂျရာ ကိတိတိရာပ်ဟာ ထီးနန်းရယူနိုင်ဖို့အတွက်လည်း တရားဝင်ဆွေးနွေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
Ref:Reuters