ရန်ကုန် – ဒီဇင်ဘာ(၁၇)
အာဏာသိမ်းစစ်ကောင်စီကို သံတမန်ရေး စီးပွားရေးတွေနဲ့ ဖိအားပေးဖို့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Thomas L. Vajda က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် (၂) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန် ပြီးဆုံးခဲ့တဲ့ Thomas L. Vajda ကမြန်မာပြည်သူတွေကို သတင်းစကားပါးချိန်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။
အာဏာရှင်အဖွဲ့အစည်းအပေါ်မှာ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့ အရင်က သူတို့ ကျူးလွန်ခဲ့တာတွေနဲ့ ဆက်ပြီး ကျူးလွန်နေတဲ့ ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိစေဖို့ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာကို အကူအညီပေးဖို့ အတွက် နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင်ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့ရဲ့ အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလား တောင့်တ နေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဌာန်ချထား တယ်ဆိုတာ ကို အတည်ပြုလိုပါတယ်လို့ သူက ပြောပါသေးတယ်။
မြန်မာနိုင်ငံမှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာနဲ့ ဒီမိုကရေစီနည်းကျရွေးကောက် တင်မြောက်ထားတဲ့ အစိုးရဆီမှာ သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့တာကို ဂုဏ်ယူတယ်လို့ ဆိုခဲ့ပါတယ်။
အမေရိကန်သံအမတ် Thomas L. Vajda က မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့် လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီကို ပိုင်ဆိုင်ဖို့ ယုံကြည်နေသလို ထိုက်တန်တဲ့ အရာဖြစ်တယ်လို့လည်း ပြောခဲ့ ပါတယ်။
သတင်း – သံလွင်တိုင်းမ်